ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၂)ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၂)ပွဲကြိုသုံးသပ်ချက်
Published 26 September 2017

Photo:Wikipedia

■ ဆီဗီလာ နှင့် မာရီဘော (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၇ နံနက် ၁း၃၀ နာရီ)

ဆီဗီလာက လီဗာပူးလ်ကွင်းမှာ အဖိုးတန် (၁)မှတ်ယူ ထားပြီး ဒီပွဲမှာအနိုင်ယူထားရင် အခြေအနေတော်တော်လေး ကောင်းသွားလိမ့်မယ်။ လီဗာပူးလ်က အဝေးကွင်းပွဲကစားရမယ့် အနေအထားမှာ ဘယ်လိုရလဒ်ထွက်ထွက် ဆီဗီလာက ဂိုးပို သွင်းပြီး အုပ်စု ဦးဆောင်သူနေရာကို ယူထားရမယ့် ပွဲမျိုးလည်း ဖြစ်နေတယ်။ မာရီဘောရဲ့ ဥရောပအဝေးကွင်းရလဒ်တွေက လည်း အားရစရာမရှိဘူး။ ဆီဗီလာ ဂိုးပြတ်သွင်းမယ်။

■ စပါးတပ်မော်စကို နှင့် လီဗာပူးလ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၇ နံနက် ၁း၃၀ နာရီ)

ဆီဗီလာအသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ နိုင်သင့်တဲ့ ခြေစွမ်း ရှိလျက်နဲ့ ခံစစ်ပိုင်းအားနည်းမှုတွေနဲ့ လီဗာပူးလ်အသင်း သရေ ကျခဲ့တာ အရမ်းနစ်နာတယ်။ ဒါကြောင့် ဒီအဝေးကွင်းပွဲစဉ်မှာ သူတို့အတွက် သိပ်အမှားမခံဘူး။ အုပ်စုကတက်ရေးအတွက် သာမဟုတ်ဘဲ အုပ်စုဗိုလ်ဖြစ်ဖို့ကလည်း လိုအပ်တဲ့အတွက် လီ ဗာပူးလ်အသင်းအတွက် မဖြစ်မနေနိုင်ပွဲရှာရမယ့်အနေအထား လည်းဖြစ်နေတယ်။ စပါးတပ်မော်စကိုကလည်း မာရီဘောနဲ့ ပွဲမှာ သရေကစားထားတယ်။ လီဗာပူးလ်ကိုတော့ မယှဉ်နိုင် လောက်ဘူး။ လီဗာပူးလ် ကပ်နိုင်သွားမယ်ထင်တယ်။

■ နာပိုလီ နှင့် ဖီယင်နု (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၇ နံနက် ၁း၃၀ နာရီ)

နာပိုလီက ရှက်တာဒိုးနက်ကွင်းမှာ မထင်မှတ်ဘဲ ရှုံး သွားခဲ့တယ်။ ဒီတစ်ပတ် ရှက်တာဒိုးနက်ကိုသာ မန်စီးတီးအ နိုင်ကစားခဲ့ရင် ဖီယင်နုကို ဂိုးပြတ်သွင်းပြီး နာပိုလီက အုပ်စုဒု တိယနေရာကို ပြန်ရောက်လာလိမ့်မယ်။ ဒီပွဲပြီးရင် မန်စီးတီးနဲ့ ပွဲကျပ်နှစ်ပွဲကို ကစားရမှာဖြစ်လို့ ဒီပွဲမနိုင်ခဲ့ရင် နာပိုလီအတွက် အရမ်းခက်ခဲသွားလိမ့်မယ်။ ဖီယင်နုရဲ့ခြေစွမ်းကလည်း ဘာမှ မရှိလို့ နာပိုလီ ဂိုးပြတ်နိုင်မှာပါ။

■ မန်စီးတီး နှင့် ရှက်တာဒိုးနက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၇ နံနက် ၁း၃၀ နာရီ)

မန်စီးတီးရဲ့ ရလဒ်ပိုင်းက ဥရောပထိပ်တန်းအသင်းကြီး တွေထက်ပိုကောင်းနေပြီး၊ ခြေစွမ်းပိုင်းကလည်း ဥရောပအ သင်းတိုင်းကို ယှဉ်နိုင်တဲ့အနေအထားကိုရောက်နေတာတွေ့ ရတယ်။ ပွဲတိုင်းလိုလို (၅)ဂိုးဝန်းကျင်သွင်းနေပြီး ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာလည်း ဖီယင်နုကွင်းမှာ (၄)ဂိုးပြတ်နိုင်ထားတယ်။ ရှက်တာဒိုးနက်ကလည်း နာပိုလီလိုအသင်းကို အနိုင်ကစား ထားတဲ့အသင်းပါ။ မန်စီးတီးနိုင်ပေမယ့် ဂိုးပြတ်ဖို့စဉ်းစားရမယ်။

■ ဘက်ဆစ်တက် နှင့် လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၇ နံနက် ၁း၃၀ နာရီ) ေ

ပေါ်တိုလိုအသင်းကို အဝေးကွင်းမှာ အနိုင်ကစားခဲ့တဲ့ ဘက်ဆစ်တက်ရဲ့ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းက အမြင့်ဆုံးအနေ အထားမှာ ရှိနေတယ်။ လိုက်ပ်ဇစ်ကလည်း မိုနာကိုကို သရေ ကစားခဲ့တဲ့အသင်းကောင်းတစ်သင်းပါ။ ဒါပေမဲ့ တူရကီမြေမှာတော့ ဘက်ဆစ်တက်ပဲ အသာစီးယူလိမ့်မယ်။

■ မိုနာကို နှင့် ပေါ်တို (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၇ နံနက် ၁း၃၀ နာရီ)

မိုနာကိုက ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အ ဆင့်အထိရောက်ခဲ့ပြီး တော်တော်လေးအားကောင်းခဲ့တယ်။ အဓိက ကစားသမားတချို့ကို ဆုံးရှုံးခဲ့ပေမယ့် ဒီရာသီမှာ ပုံစံကောင်းတွေကို ပြသနေတုန်းပါပဲ။ ပေါ်တိုကတော့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ ဘက်ဆစ်တက်ကို အိမ်ကွင်းမှာပဲ ဂိုးပြတ်ရှုံးသွားခဲ့တာကို တွေ့ ရတယ်။ ဒီပွဲက တစ်မှတ်ရထားတဲ့အသင်းနဲ့ အမှတ်မရသေးတဲ့ အသင်းပွဲဖြစ်ပြီး မိုနာကိုကတော့ အိမ်ကွင်းဖြစ်လို့ အားသာ ချက်ပိုရှိပါတယ်။ ဒါကြောင့် မိုနာကိုပဲ နိုင်သွားလိမ့်မယ်။

■ ဒေါ့မွန် နှင့် ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၇ နံနက် ၁း၃၀ နာရီ)

ဒေါ့မွန်က ရီးယဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ပွဲစဉ် (၁၀)ပွဲမှာ (၄)ပွဲနိုင်၊ (၃)ပွဲသရေ၊ (၃)ပွဲရှုံးဆိုတဲ့မှတ်တမ်းနဲ့ အသာစီးယူထားနိုင်တာတွေ့ရတယ်။ ဒါ့အပြင် သူတို့ အိမ်ကွင်းမှာဆိုရင် ရီးယဲလ်မက်ဒရစ်ကို လုံးဝမရှုံးဖူးသေးဘူး။ ဒီ နှစ်သင်းရဲ့ နောက်ပိုင်းနှစ် ချန်ပီယံလိဂ်ထိပ်တိုက်တွေ့ဆုံမှုတွေကိုကြည့်ရင်လည်း တော်တော်လေးအကြိတ်အနယ်ရှိပြီး ရလဒ်ပိုင်းသိပ်မကွာကြဘူး။ ဒီရာသီမှာ ဒေါ့မွန်က ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ စပါးကို ဂိုးပြတ်ရှုံးခဲ့ပြီး ပြည်တွင်းလိဂ်မှာတော့  ဘိုင်ယန်မြူးနစ်ကို နှစ်မှတ်ဖြတ်ဦးဆောင်ထားတာတွေ့ရတယ်။ ရီးယဲလ်မက်ဒရစ်ကတော့ လာလီဂါမှာ ရလဒ်ဆိုးနေပြီး  ချန်ပီယံလိဂ်မှာတော့ အဖွင့်ပွဲမှာ အပိုးလ်နီကိုးရှားကို (၃)ဂိုးပြတ်နိုင်ခဲ့တယ်။ ဒေါ့မွန်က ချန်ပီယံလိဂ်မှာ အိမ်ကွင်းမှတ်တမ်း တော်တော်လေးကောင်းတယ်။ လက်ရှိ သူတို့အသင်းမှာ ရူဒီ၊ ဂေါ့ဇီ၊ ဘာထရာ၊ တော်ယန်းတို့ကတော့ ဒီပွဲကိုလွဲမှာဖြစ်ပြီး အဲရစ်ဒမ်း၊ ရှမယ်လ်ဇာ၊ မာကိုရွိုက်စ်၊ ဂယ်ဟေရိုတို့က ဒဏ်ရာတွေကနေပြန်သက်သာလာတယ်။ ရှိုလာလည်း လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဆိုတော့ စပါးနဲ့ပွဲတုန်းကလို လူရွေးချယ်မှုအခက်အခဲမရှိလောက်တော့ဘူး။ ရီးယဲလ်ကတော့ ဇီဒန်းလက် ထက်မှာ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ် (၁၂)ပွဲကစားခဲ့ပြီး (၁)ပွဲပဲရှုံးဖူးတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ နည်းနည်းလေး ခြေစွမ်း လျော့နေတာတွေ့ရတယ်။ မာဆယ်လို မသေချာသလို၊ ဘန်ဇီမာ မကစားနိုင်သေးတဲ့အတွက် အားနည်းမှုတွေလည်းရှိတယ်။ ဒီပွဲမှာတော့ အစဉ်အလာမပျက် ဒေ့ါမွန်ပဲ အသာစီးရသွားမယ်ထင်တယ်။

■ အပိုးလ်နီကိုးရှား နှင့် စပါး (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၇ နံနက် ၁း၃၀ နာရီ)
ဒေ့ါမွန်လိုအသင်းကို ခက်ခက်ခဲခဲအနိုင်ရထားတဲ့အနေ အထားကို စပါးအသင်း လွှင့်မပစ်သင့်ဘူး။ ဒေ့ါမွန်နဲ့ ရီးယဲလ် တို့ကလည်း ထိပ်တိုက်တွေ့နေတယ်။ စပါးအနေနဲ့က ဒီပွဲပြီး ရင် ရီးယဲလ်နဲ့ နှစ်ပွဲဆက်ကစားရမှာဖြစ်လို့ ဒီပွဲတွေမတိုင်ခင် မှာ (၆)မှတ်ယူထားနိုင်တာ အကောင်းဆုံးဖြစ်လိမ့်မယ်။ အပိုးလ် နီကိုးရှားက အိမ်ဖြည့်အသင်းဖြစ်ပြီး၊ အိမ်ဖြည့်အဆင့်ပဲ ရှိပါ တယ်။ စပါးပဲ နိုင်လိမ့်မယ်။

Most Read

Most Recent