ဦးဆောင်ဂိုးသွင်းခဲ့သည့် စီရော်နယ်လ်ဒိုကို မတူခြားနားသည့် ကစားသမားတစ်ဦးဟု ဂျူဗင်တပ်စ်နည်းပြ ချီးကျူး

ဦးဆောင်ဂိုးသွင်းခဲ့သည့် စီရော်နယ်လ်ဒိုကို မတူခြားနားသည့် ကစားသမားတစ်ဦးဟု ဂျူဗင်တပ်စ်နည်းပြ ချီးကျူး
Photos: AFP
Photos: AFP
Published 11 April 2019

ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက အေဂျက်စ်အသင်းနှင့် (၁)ဂိုးစီသရေကျခဲ့သည့်အပြီးတွင် အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုအား ချီးကျူးမှုများ ပြုလုပ်ခဲ့သည်။

'' ရော်နယ်လ်ဒိုက မတူညီတဲ့အဆင့်တစ်ခုမှာရှိတယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ သူ့ရဲ့ချိန်သားကိုက်လှုပ်ရှားမှုတွေဟာ တခြားသူတွေနဲ့ ကွဲပြားခြားနားပါတယ်။ သူ့လိုမျိုး လုပ်ဆောင်နိုင်ဖို့မလွယ်ပါဘူး။ တခြားသူတွေထက် နည်းစနစ်ပိုင်းကြွယ်ဝတဲ့ ကစားသမားတစ်ယောက်ပါပဲ''ဟု အယ်လီဂရီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ချန်ပီယံလိဂ်သွင်းဂိုးစံချိန်တင် စီရော်နယ်လ်ဒိုအနေဖြင့် ယခုသွင်းဂိုးမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် (၁၂၅)ဂိုးမြောက်လည်း ဖြစ်ခဲ့သည်။

နည်းပြ အယ်လီဂရီမှာမူ အေဂျက်စ်အသင်းနှင့် ချန်ပီယံလိဂ်တွေ့ဆုံမှုတွင် အနိုင်ရဖူးခြင်းမရှိဘဲ (၄)ပွဲသရေ၊ (၁)ပွဲရှုံးနိမ့်ခဲ့သည်။

အယ်လီဂရီက အေဂျက်စ်ပွဲနှင့်ပတ်သက်ပြီး '' အဝေးဂိုးရခဲ့တာဟာ ကောင်းမွန်တဲ့ရလဒ်ပါပဲ။ အခွင့်အရေးက ဆတူပဲရှိနေသေးတယ်။ ကျွန်တော်တို့အသင်း ခံစစ်ကစားပုံကောင်းခဲ့ပါတယ်။ ခံစစ် ကျစ်လျစ်သိပ်သည်းပြီး စုစည်းမှုရှိခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ ဘာကြောင့်ဆီမီးဖိုင်နယ်တက်သင့်သလဲဆိုတာ အကောင်းပြချက်ကောင်းတစ်ခုပါ။ ဘာမှ စိုးရိမ်စရာမရှိပါဘူး။ အေဂျက်စ်အသင်းအပေါ် လေးစားပေမယ့် ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ။ (၀-၀)ထက် ပိုကောင်းတဲ့ရလဒ်တစ်ခုကို ဖန်တီးမှာပါ။ တူရင်မြေမှာ အနိုင်ကစားသွားဖို့ရှိပါတယ်''ဟု အယ်လီဂရီက ပြောကြားခဲ့သည်။

Most Read

Most Recent