ဝက်ဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် နာကျင်စွာခံစားခဲ့ရဟု ဝုလ်ဗ်အသင်းနည်းပြ နူနိုဆန်တိုဖွင့်ဟ

ဝက်ဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် နာကျင်စွာခံစားခဲ့ရဟု ဝုလ်ဗ်အသင်းနည်းပြ နူနိုဆန်တိုဖွင့်ဟ
Photos: AFP
Photos: AFP
Published 9 April 2019

ဝုလ်ဗ်အသင်းနည်းပြ နူနိုဆန်တိုက မိမိတို့အနေဖြင့် FA ဖလားဆီမီးဖိုင်နယ်တွင် ဝုလ်ဗ်အသင်းအား အချိန်ပို၌ (၂-၃)ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် အဝတ်လဲခန်းအတွင်း နာကျင်စွာခံစားရခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ဝုလ်ဗ်အသင်းသည် အဆိုပါပွဲစဉ်တွင် ဝက်ဖို့ဒ်အသင်းအား ဦးဆောင်ဂိုး (၂)ဂိုးသွင်းယူကာ (၅၉)နှစ်အတွင်း ပထမဆုံးအကြိမ် FA ဖလား ဗိုလ်လုပွဲသို့ရောက်ရှိရန် အခွင့်အရေးကောင်းကို ပိုင်ဆိုင်ခဲ့သော်လည်း နောက်ကျချေပဂိုးများကို ခွင့်ပြုခဲ့ရကာ အချိန်ပိုတွင် ဒယ်လိုဖူ၏သွင်းဂိုးဖြင့် အရှုံးပေးခဲ့ရခြင်းဖြစ်သည်။

ဆန်တိုက " ကျွန်တော်တို့အားလုံး ဝမ်းနည်းကြေကွဲခဲ့ရတယ်။ ကစားသမားတွေရော၊ ပရိသတ်တွေရော အားလုံးပါပဲ။ ဒါဟာ နာကျင်စရာအခိုက်အတန့်တစ်ခုပါ" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent