မွေထိုင်းလက်ဝှေ့သမား ထာနီလစ်ကို စတုတ္ထအချီတွင် ထွန်းထွန်းမင်းအလဲထိုးဖြင့် အနိုင်ရ 

မွေထိုင်းလက်ဝှေ့သမား ထာနီလစ်ကို စတုတ္ထအချီတွင် ထွန်းထွန်းမင်းအလဲထိုးဖြင့် အနိုင်ရ 
Photos: Kaung Htet Aung
Photos: Kaung Htet Aung
Published 31 March 2019

    



Lethwei Nation Fight မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို မတ် (၃၁) ရက် မွန်းလွဲ (၂ )နာရီက ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ကျင်းပခဲ့ရာ ထွန်းထွန်းမင်းက မွေထိုင်းလက်ဝှေ့သမား ထာနီလစ်ကို  စတုတ္ထအချီတွင်အလဲထိုးပြီး အနိုင်ရခဲ့သည်။

  

အဆိုပါ Lethwei Nation Fight တွင် တွဲဆိုင်းစုစုပေါင်း (၈)ဆိုင်း  ပါဝင်ထိုးသတ်ခဲ့ပြီး ထွန်းထွန်းမင်းက အဓိကတွဲဆိုင်းအနေဖြင့် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ထိုးသတ်ခဲ့သည့် ဒေ့ဗ်နှင့်ပွဲပြီးနောက်  အနားယူနေခဲ့သော ထွန်းထွန်းမင်းသည် သုံးလအကြာတွင် စိန်ခေါ်ပွဲစဉ်ကို ပထမဦးဆုံးအကြိမ် ပြန်လည် ထိုးသတ်ခဲ့ခြင်းဖြစ်သည်။ 

 

 

 

 

ထွန်းထွန်းမင်းသည် ထာနီလစ်ကို ပထမအချီမှာပင် ဖိအားပေးထိုးသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ဘယ်ညာလက်သီးတွဲလုံးများက ထာနီလစ်ကို အဓိက ဖိအားပေးနိုင်ခဲ့သည်။ ပထမအချီ မပြီးဆုံးမီ ထွန်းထွန်းမင်း၏ ခေါင်းတိုက်ချက်ကြောင့် ထာနီလစ် မျက်ခုံးကွဲသွားခဲ့သည်။ ဒုတိယအချီတွင် ထွန်းထွန်းမင်းက တိုက်စစ်ကို ထပ်မံမြှင့်တင်ခဲ့ပြီး အလဲထိုးရန် ကြိုးပမ်းခဲ့သည်။ 

 

 

 



ထွန်းထွန်းမင်း၏ တိုက်စစ်ဆင်မှုမှာ ထိရောက်မှုရှိခဲ့သော်လည်း ထာနီလစ်၏ မထင်မှတ်ထားသော ခံစစ်ပုံစံက ကောင်းမွန်နေခဲ့ပြီး အလဲထိုးနိုင်ရန် ရုန်းကန်ခဲ့ရသည်။ စတုတ္ထအချီတွင် ထွန်းထွန်းမင်းက ပွဲကို အဆုံးသတ်ရန် ကြိုးစားခဲ့ပြီး နောက်ဆုံးမိနစ်တွင် ညာလက်သီးဖြင့် ပွဲသိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

 

 

 

 

 အခြားတွဲဆိုင်းများတွင် ကျားဘဟိန်းက ကိုကိုအောင်ကိုအလဲထိုးဖြင့် အနိုင်ရခဲ့ပြီး ဒိုးလေးက စည်သူအောင်ကို တတိယအချီတွင် ဆေးရှုံးဖြင့် အနိုင်ရခဲ့သည်။ စောမူထော်ဂေးက နာထဝပ် (ထိုင်း)ကို ဒုတိယအချီတွင် အနိုင်ရခဲ့သည်။ ကြယ်စင်ထွန်းနှင့် အံဘွားတို့၏ တွဲဆိုင်းမှာသရေရလဒ်ထွက်ပေါ်ခဲ့ပြီး ရွှေဝင်းက ကျွဲကြီးကို ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။ ထို့ပြင် ထိုင်းနိုင်ငံတွင် ထိုးသတ်နေသော ကရင်လေးကို ဗျဂ္ဃက တတိယအချီတွင် အနိုင်ရခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent