ကာဒစ်ဖ် နှင့် အဲဗာတန် (ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)
ကာဒစ်ဖ်က အိမ်ကွင်းမှာတောင် ဂိုးပြတ်ရှုံးပွဲတွေနဲ့ ယဉ်ပါးနေတဲ့အနေအထားဖြစ်နေတယ်။ မန်ယူ၊ စပါး၊ ဝက်ဖို့ဒ်တို့ကို နောက်ပိုင်းပွဲတွေမှာ ဂိုးပြတ်ရှုံးခဲ့တယ်။ အဲဗာတန်ကလည်း အဝေးကွင်းမှာ စိတ်မချရတဲ့အသင်းမျိုးပါ။ ဒါပေမဲ့ ကာဒစ်ဖ်လိုအသင်းမျိုးကိုတော့ အဝေးကွင်းမှာလည်း မရှုံးအောင်ကစားနိုင်ပါလိမ့်မယ်။ အဲဗာတန်ကိုကြိုက်တယ်။
ဟတ်ဒါဖီးလ် နှင့် ဝုလ်ဗ် (ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)
ဟတ်ဒါဖီးလ်က ရာသီကုန်ရင် တန်းဆင်းသွားမယ့်အသင်းလို့ ကြိုတွက်လို့ရနေဖြစ်ပြီး ရလဒ်ပိုင်းကလည်း အိမ်ကွင်း၊ အဝေးကွင်းမရွေး ဆိုးရွားနေတာတွေ့ရတယ်။ ဝုလ်ဗ်က နောက်ဆုံးနှစ်ပွဲမှာ နယူးကာဆယ်နဲ့ ဘုန်းမောက်ကို သရေကျခဲ့ပေမယ့် ရလဒ်ပိုင်းရော၊ ခြေစွမ်းပါတည်ငြိမ်နေတဲ့အသင်းပါ။ ဝုလ်ဗ် အနိုင်ကစားလိမ့်မယ်။
လက်စတာ နှင့် ဘရိုက်တန် (ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)
လက်စတာက နောက်ဆုံးပွဲမှာ ပဲလေ့စ်ကို ဂိုးပြတ်ရှုံးခဲ့တဲ့ ပွဲအပါအဝင် အိမ်ကွင်း (၄)ပွဲဆက်ရှုံးပွဲကြောင့် နည်းပြ ဖျူရယ်ကိုပါ ရာထူးက ထုတ်ပယ်ခဲ့ရတယ်။ ဒီပွဲက ယာယီနည်းပြ လက်ထဲမှာ ပထမဆုံးကစားရမယ့်ပွဲဖြစ်ပြီး အိမ်ကွင်းလည်းဖြစ်နေပါတယ်။ ဘရိုက်တန်ကလည်း ရလဒ်ပိုင်းကျဆင်းနေချိန်ဖြစ်လို့ လက်စတာ နိုင်ပွဲပြန်ရှာနိုင်မယ်ထင်တယ်။
နယူးကာဆယ် နှင့် ဘန်လေ (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)
ဘန်လေရဲ့ရလဒ်တွေက အထင်ကြီးစရာပါ။ ပရီးမီးယားလိဂ်မှာ နောက်ဆုံး (၈)ပွဲဆက် ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး (၅)ပွဲနိုင် ရလဒ်ကို ယူထားတယ်။ ဒီပွဲတွေထဲမှာ မန်ယူကို ဆိုးလ်ရှားလက်ထက် ပထမဆုံးနိုင်ပွဲပျောက်စေခဲ့ပြီး စပါးကိုလည်း ပူပူနွေးနွေး အနိုင်ယူထားပါတယ်။ ဘန်လေ သရေနဲ့ အနိုင်ပဲ။