ထိုင်းလိဂ်-၁ တွင် အာဆီယံကစားသမား ၂၁ ဦးပါဝင်ကစားနေပြီး ဖိလစ်ပိုင်မှ ကိုးဦးဖြင့် အများဆုံးပါဝင်

ထိုင်းလိဂ်-၁ တွင် အာဆီယံကစားသမား ၂၁ ဦးပါဝင်ကစားနေပြီး ဖိလစ်ပိုင်မှ ကိုးဦးဖြင့် အများဆုံးပါဝင်
Photos : Facebook
Photos : Facebook
Published 25 February 2019

ထိုင်းဘောလုံးအဖွဲ့ချုပ် (FAT) က ကြီးမှူးကျင်းပလျက်ရှိသည့် ၂၀၁၉ ရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲတွင် ထိုင်းနိုင်ငံပြင်ပမှ အာဆီယံကစားသမား ၂၁ ဦး ပါဝင်ကစားနေပြီး ဖိလစ်ပိုင်မှ ကိုးဦးဖြင့် အများဆုံးပါဝင်နေကြောင်း သိရသည်။

FAT သည် ပြီးခဲ့သည့်ရာသီမှစ၍ ထိုင်း လိဂ်-၁ ကလပ်အသင်းများအနေဖြင့် အာဆီယံ ကစားသမားတစ်ဦး မဖြစ်မနေ ထည့်သွင်းရန် သတ်မှတ်ခဲ့ပြီး ယခုရာသီတွင် အာဆီယံကစားသမားများ ခေါ်ယူမှု မြင့်တက်လာခြင်းဖြစ်သည်။

ထိုင်းကလပ်အသင်းများခေါ်ယူထားသည့် ကစားသမားများတွင် ဖိလစ်ပိုင်နိုင်ငံက ကိုးဦးဖြင့် အများဆုံးပါဝင်နေပြီး မြန်မာကစားသမားငါးဦး၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား ကစားသမားနှစ်ဦးစီ၊ စင်ကာပူ၊ မလေးရှားနှင့် လာအိုတို့မှ တစ်ဦးစီ ပါဝင်နေသည်။

ထိုင်းကလပ်အသင်းများ ခေါ်ယူထားသည့် ကစား သမားများတွင် လက်ရွေးစင်အဆင့် ကစားသမားအများအပြားပါဝင်နေပြီး မြန်မာ့လက်ရွေးစင်အသင်းတိုက်စစ်မှူး အောင်သူနှင့် ဗီယက်နမ်လက်ရွေးစင်ဂိုးသမား ဒေါင်ဗန်လန်တို့မှာ မြောင်တောင်ယူနိုက်တက်အသင်းတွင်  တစ်သင်းတည်း ပါဝင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ကစားသမားများဖြစ်သည့် အောင်သူ (မြောင်တောင်)၊ စည်သူ အောင်နှင့် ဇော်မင်းထွန်း (ချောင်ဘူရီ)၊ ကျော်ကိုကို (ဆာမတ်ပရာခန်)၊ သိန်းသန်းဝင်း (ရစ် ချာဘူရီ) တို့ ထိုင်းလိဂ်-၁ တွင် ပါဝင်ကစားလျက်ရှိပြီး လက်ရွေးစင်အသင်းတိုက်စစ်မှူး သန်းထက်အောင်မှာမူ ပုံမှန်ပွဲထွက်ခွင့်ရရန်အတွက် ထိုင်းလိဂ် -၂ ကလပ် ဆာမတ်ဆာခွန်အသင်းကို ရွေးချယ်ခဲ့သည်။

ထိုင်းကလပ်အသင်းများသည် လက်ရွေးစင်အဆင့်ကစားသမားများကိုသာ ခေါ်ယူထားခြင်းဖြစ်ပြီး အာဆီယံကစားသမားများ၏ ပြိုင်ဆိုင်မှုကို တွေ့မြင်ရမည်ဖြစ်သည်။

အောင်သူပြောင်းရွှေ့သွားသည့် မြောင်တောင်အသင်းတွင် ထိုင်းလက်ရွေးစင်တိုက် စစ်မှူး တီယာဆေးလ်ဒန်ဒါ ပြန်လည်ကစားလျက်ရှိပြီး ထိုင်းလက်ရွေးစင်အများစုပါဝင်လျက်ရှိသောကြောင့် အတွေ့အကြုံကောင်းများ ရယူနိုင်မည်ဖြစ်သည်။

ပြီးခဲ့သည့်ရာသီက ထိုင်းလိဂ်၌ မြန်မာကစားသမားများဖြစ် သည့် အောင်သူနှင့် ကျော်ကိုကိုတို့နှစ်ဦးသာ သွားရောက်ကစားခဲ့သည်။

၂၀၁၉ ရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက်က စတင်ကျင်းပခဲ့သည်။

ထိုင်းကလပ်များခေါ်ယူထားသည့် အာဆီယံကစားသမားများ

အမည်    နိုင်ငံ    ကလပ်

မန်နျူရယ်အော့သ်    ဖိလစ်ပိုင်    ရစ်ချာဘူရီ

အာမင်နာဇာရီ        ဖိလစ်ပိုင်    ရစ်ချာဘူရီ

မိုက်ကယ်        ဖိလစ်ပိုင်    ဘန်ကောက်

ပါတီနို        ဖိလစ်ပိုင်    ဘူရီရမ်

စတီဖင်ပါလာ        ဖိလစ်ပိုင်    ဘူရီရမ်

အဒမ်ရတ်ဒ်        ဖိလစ်ပိုင်    ချိုင်နက်

မာကို        ဖိလစ်ပိုင်    ချိုင်နက်

ရမ်ဆေး        ဖိလစ်ပိုင်    ဆူခိုထိုင်း

မတ်ခ်ဟတ်မန်း        ဖိလစ်ပိုင်    ဆူဖန်ဘူရီ

အောင်သူ        မြန်မာ    မြောင်တောင်

စည်သူအောင်        မြန်မာ    ချောင်ဘူရီ

ဇော်မင်းထွန်း        မြန်မာ    ချောင်ဘူရီ

ကျော်ကိုကို        မြန်မာ    ဆာမတ်ပရာခန်

သိန်းသန်းဝင်း        မြန်မာ    ရစ်ချာဘူရီ

ဒေါင်ဗန်လန်        ဗီယက်နမ်    မြောင်တောင်

လူကျန်ထရန်        ဗီယက်နမ်    ဘူရီရမ်

ဗစ်တာ        အင်ဒိုနီးရှား    PTT

ယန်တိုဘာဆနာ        အင်ဒိုနီးရှား    ဆူခိုထိုင်း

ခိုင်ဇန်        စင်ကာပူ    တီရတ်

ဆီရန်ဖန်        မလေးရှား    ဆူခိုထိုင်း

ဆိုကာဖောင်        လာအို    ချိုင်နက်

 

Most Read

Most Recent