ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဆိုလာရီသည် El Clasico ပြိုင်ဘက် ဘာစီလိုနာ အသင်းနှင့်ကစားရမည့် စပိန်ဘုရင့်ဖလား ဒုတိယအကျော့မတိုင်မီ ပြိုင်ဘက်အသင်းက နားရက်တစ်ရက်ပိုရခြင်းအတွက် ပွဲစဉ်ရေးဆွဲ မှုကို မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။
ဘာနေဗျူးကွင်း၌ကစားရမည့် စပိန် ဘုရင့်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယ အကျော့ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်တွင်ကျင်းပ မည်ဖြစ်ပြီး သုံးရက်အကြာ မတ် ၂ ရက်တွင် လည်း လာလီဂါပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဘာစီလိုနာအသင်းသည် ယခုတစ်ပတ် ဆီဗီလာအသင်း နှင့် လာလီဂါပွဲစဉ်ကို စနေနေ့တွင် ကစားခွင့် ရသော်လည်း ရီးယဲလ်အသင်းမှာမူ လီဗန်တေးနှင့်ပွဲကို တနင်္ဂနွေနေ့ နောက်ဆုံးပွဲအဖြစ် ကစားရသောကြောင့် ဆိုလာရီက ဝေဖန်ပြော ကြားခြင်းဖြစ်သည်။
''ဒါက ရယ်စရာကောင်း ပါတယ်။ မတူညီတဲ့အခြေအနေမျိုးနဲ့ ဘာ ကြောင့်ကစားရလဲဆိုတာလည်း သိချင်တယ်။ ကျွန်တော်တို့ကတော့ အဲဒါကို စိန်ခေါ်မှု တစ်ခုလို့ပဲ သတ်မှတ်ပါတယ်''ဟု ၎င်းက ဆို သည်။
ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီကမူ ''ပွဲစဉ်ရေးဆွဲမှုနဲ့ပတ်သက်ပြီး ဘယ် သူမဆို ကန့်ကွက်လို့ရပါတယ်။ ဆီဗီလာ လည်း ပြောလို့ရတာပဲ''ဟု တုံ့ပြန်ပြောကြားသည်။
၎င်းတို့နှစ်သင်းသည် ဘုရင့်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့တွင် တစ်ဂိုးစီ သရေကျထားပြီး လာလီဂါပြိုင်ပွဲ ပထမ အကျော့တွင်မူ ဘာစီလိုနာအသင်းက (၅-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရထားသည်။