မက်ဆီမှာ အငြင်းပွားဖွယ်မရှိ ထာဝရအကောင်းဆုံးကစားသမားဖြစ်သည်ဟု ဟာဇက် ချီးကျူး

မက်ဆီမှာ အငြင်းပွားဖွယ်မရှိ ထာဝရအကောင်းဆုံးကစားသမားဖြစ်သည်ဟု ဟာဇက် ချီးကျူး
Photo : Marca
Photo : Marca
Published 15 January 2019

ချယ်လ်ဆီးအသင်း၏ ဘယ်လ် ဂျီယံတိုက်စစ်ကစားသမား ဟာဇက် က လာလီဂါပြိုင်ပွဲတွင် သွင်းဂိုး(၄၀၀) ပြည့်မြောက်သည့် ပထမဆုံးကစားသမားဖြစ်လာသော မက်ဆီမှာ ဘောလုံးလောက၏ ထာဝရအကောင်းဆုံးကစားသမားဖြစ်ကြောင်း ချီးကျူး ပြောကြားခဲ့သည်။

အသက် (၃၁)နှစ်ရှိ မက်ဆီသည် အီဘာအား (၃-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးေနာက် လာလီဂါ (၄၃၅)ပွဲ ကစား ကာ ဂိုး (၄၀၀)ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိဘောလုံးလောက၏ အကောင်းဆုံးကစားသမားအဖြစ် ဂျူ ဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုနှင့် ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီတို့အကြား မည်သူပို ကောင်းသည်ဟု ပြောဆိုငြင်းခုံမှုများ ရှိနေသော်လည်း ဟာဇက်က မက်ဆီသည်သာ အငြင်းပွားဖွယ်မရှိ ထာဝရအကောင်းဆုံးကစားသမားဖြစ်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။

ဟာဇက်က ''ထာဝရအကောင်းဆုံးကစားသမားဆိုတာ နှစ်ယောက် မရှိပါဘူး။ အမြဲတမ်း တစ်ယောက်တည်းပဲ ရှိပါတယ်။ အဲဒီကစားသမားကတော့ မက်ဆီပါပဲ။ သူနဲ့ ဘာစီလို နာအသင်းကို ရင်ဆိုင်ရတာ ကျေနပ်စရာပါ''ဟု ပြောကြားခဲ့သည်။

မက် ဆီသည် ၂၀၀၄ -၀၅ ရာသီတွင် ဘာစီလိုနာအတွက် စတင်ပွဲထွက်ခဲ့ပြီး (၁၅)ရာသီမြောက်၌ (၁၇)ပွဲကစားပြီး (၁၇)ဂိုးသွင်းယူနိုင်ခဲ့ကာ စုစုပေါင်း လာလီဂါသွင်းဂိုး (၄၀၀)ပြည့်မြောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent