ကစားသမားများ ပြည်ပထွက်ကစားခြင်းအားကြိုဆိုသော်လည်း အရန်ခုံတွင်ထိုင်နေရမည်ဆိုပါက အကျိုးရှိနိုင်မည်မဟုတ်ဟု ရန်ကုန်နည်းပြချုပ် သုံးသပ်

ကစားသမားများ ပြည်ပထွက်ကစားခြင်းအားကြိုဆိုသော်လည်း အရန်ခုံတွင်ထိုင်နေရမည်ဆိုပါက အကျိုးရှိနိုင်မည်မဟုတ်ဟု ရန်ကုန်နည်းပြချုပ် သုံးသပ်
Photo : EMG
Photo : EMG
Published 15 January 2019

၂၀၁၉ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်မှ အောင်သူ၊ ဇော်မင်းထွန်း၊ စည်သူအောင်၊ သိန်းသန်းဝင်း၊ သန်းထက်အောင်၊ ကျော်ကိုကို စသည့် လက် ရွေးစင်ကစားသမားများ ထိုင်းလိဂ်သို့ ပြောင်း ရွှေ့ကစားခဲ့ကြသည်။

ပြည်တွင်းမှ ကစားသမားများအနေဖြင့် ပြည်ပကလပ်များတွင် သွားရောက်ကစားခြင်းကို ကြိုဆိုသော်လည်း အရန်ခုံတွင် ထိုင်နေရမည်ဆိုပါက ခြေစွမ်းတိုးတက်လာမည် မဟုတ်သောကြောင့် အကျိုးရှိမည်မဟုတ်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းက သုံးသပ်ပြောကြားသည်။

ဦးမျိုးမင်းထွန်းက '' ပြည်ပလိဂ်မှာ သွား ရောက်ကစားကြတာကို ကြိုဆိုပါတယ်။ ဒါ ဟာ ကောင်းတဲ့ရလဒ်တစ်ခုပါပဲ။ ဒါပေမဲ့ ပွဲထွက်ခွင့်မရဘဲ အရန်ခုံမှာ ထိုင်နေရမယ်ဆိုရင်တော့ ခြေစွမ်းပိုင်းတိုးတက်လာဖို့ မရှိပါဘူး။ ဒီမှာက နည်းနည်းနာမည်ကြီးလာရင် လစာဒေါ်လာသုံးထောင်လောက်ရတဲ့ ထိုင်းလိဂ်ကို သွားကစားကြတယ်။ သွားကစားလို့ အပြစ်ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပွဲထွက်ခွင့်မရဘဲ ငုတ်တုတ်ထိုင်ပြီး  ပိုက်ဆံရနေမယ့်ကိစ္စကတော့ အဆင်မပြေပါဘူး။ ခြေစွမ်းပိုင်းလည်း တိုးတက်လာမှာမဟုတ်ပါဘူး''ဟု ပြောကြားသည်။

၂၀၁၉ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်မှ အောင်သူ၊ ဇော်မင်းထွန်း၊ စည်သူအောင်၊ သိန်းသန်းဝင်း၊ သန်းထက်အောင်၊ ကျော်ကိုကို စသည့် လက် ရွေးစင်ကစားသမားများ ထိုင်းလိဂ်သို့ ပြောင်း ရွှေ့ကစားခဲ့ကြသည်။

ကစားသမားအများစုသည် အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်အသင်းမှ အမာခံကစားသမား များဖြစ်သည့် ကျော်ကိုကိုနှင့် ဇော်မင်းထွန်း တို့လည်း ပါဝင်သည်။

ပြီးခဲ့သည့် ၂၀၁၈ ဘောလုံးရာသီတွင်လည်း မြန်မာနေရှင်နယ် လိဂ်မှ ကစာသမားအချို့ ထိုင်းလိဂ်၌ သွား ရောက်ကစားခဲ့ကြပြီး အောင်သူတစ်ဦးတည်း သာ ပုံမှန်ပွဲထွက်ခွင့်ရခဲ့သည်။

Most Read

Most Recent