တောင်ကိုရီးယားလက်ရွေးစင် ဆွန်ဟောင်မင်သည် မန်ယူအသင်းနှင့်ပွဲအပြီးတွင် အာရှဖလားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်ရာ ဖေဖော်ဝါရီလဆန်းမှသာ ပြန်လည် ရောက်ရှိမည်ဖြစ်သည်။
အာရှဖလားပြိုင်ပွဲသို့ ဆွန်ဟောင်မင် သွားရောက်မည့်အချိန်တွင် ဟာရီကိန်းပါ ဒဏ်ရာကြောင့်မကစားနိုင်လျှင် အခက်အခဲ ကြုံတွေ့ရနိုင်ကြောင်း စပါးအသင်းနည်းပြ ပိုချက်တီနိုက သုံးသပ်ပြောကြားသည်။
တောင်ကိုရီးယားလက်ရွေးစင် ဆွန်ဟောင်မင်သည် မန်ယူအသင်းနှင့်ပွဲအပြီးတွင် အာရှဖလားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်ရာ ဖေဖော်ဝါရီလဆန်းမှသာ ပြန်လည် ရောက်ရှိမည်ဖြစ်သည်။
ထို့ပြင် အဓိကတိုက်စစ်မှူး ဟာရီကိန်းသည် မန်ယူအသင်းနှင့်ပွဲ၌ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့သော်လည်း ပွဲပြီးဆုံးခါနီးအချိန်တွင် ပြိုင်ဘက်ကစားသမားနှင့် ထိခိုက်ရာမှ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၎င်း၏အခြေအနေနှင့်ပတ်သက်၍ ပိုချက်တီနိုက ''ဟာရီကိန်းရဲ့ဖြစ်ရပ်က ပြစ်ဒဏ်ဘောပေးရမှာပါ။ မိုက်ဒင်း (ဒိုင်) ကတော့ အဲဒီဖြစ်ရပ်ကို မမြင်လိုက်ပါဘူး။ ဒါက ပြင်းထန်တဲ့ဖျက်ထုတ်မှုဖြစ်ပြီး သူ့ရဲ့ခြေချင်း ဝတ်က တော်တော်လေးရောင်နေတယ်။ ယူနိုက်တက်ကစားသမားကတော့ ရည်ရွယ်ချက်နဲ့ ကျူးလွန်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ဆိုးရွားတဲ့ ဖျက်ထုတ်မှုဆိုတာတော့ မှန်ပါတယ်။ ဆွန်ဟောင်မင်ကို အာရှဖလားပြိုင်ပွဲကြောင့် လက်လွှတ်ရမယ့်အချိန်မှာ ကိန်းကလည်း ဒဏ်ရာရှိနေမယ်ဆိုရင် ကျွန်တော်တို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်စေမှာပါ။ သူ့ရဲ့ ခြေချင်းဝတ်က လည်သွားတာပါ။ မပြင်းထန်စေဖို့တော့ မျှော်လင့်ပါတယ်''ဟု ဆိုသည်။
ထို့ပြင် ပထမပိုင်းမပြီးခင် လူစားလဲခဲ့ရသည့် ဆစ်ဆိုကို၏ ပေါင်ခြံဒဏ်ရာမှာ ပြင်းထန်မှု မရှိဟု ၎င်းင်းက ဆက်လက်ပြောကြားသည်။