၂၀၁၈ ခုနှစ် ရုံတင်စနစ်အသစ်နှင့် မြန်မာ့ရုပ်ရှင် စျေးကွက်အလားအလာ

၂၀၁၈ ခုနှစ် ရုံတင်စနစ်အသစ်နှင့် မြန်မာ့ရုပ်ရှင် စျေးကွက်အလားအလာ
Published 1 January 2019

၂၀၁၈ ခုနှစ်အတွင်း ရုံတင်စနစ်အသစ်နှင့် အတူ ဆယ်စုနှစ်တစ်ခုအတွင်း ရုပ်ရှင်ဇာတ်ကား အရေအတွက် ၈၃ ကား အထိ ရုံတင်နိုင်ခဲ့သည့် မြန်မာ့ ရုပ်ရှင်စျေးကွက်ကို ၂၀၁၈ ခုနှစ်၏ ထင်ရှားကျော်ကြားသည့် အကြောင်းအရာ တစ်ခုအဖြစ် Weekly Eleven က ရွေးချယ်ဖော်ပြအပ်ပါသည်။

၂၀၁၈ ခုနှစ် မတ်လတွင် လက်ရှိ မြန်မာရုပ်ရှင်ဇာတ်ကားများ ပြသနေသည့်စနစ်ကို အတည်ပြုခဲ့ကြသည်။ ယင်းစနစ်အရ တစ်လတာအတွင်း ပြသမည့် ဇာတ်ကားများ ရွေးချယ်ရာတွင် ၂၀၁၆ ခုနှစ်အတွင်း ဆင်ဆာခွင့်ပြုချက် ရရှိထားသည့် တန်းစီဇာတ်ကားတစ်ကား၊ ၂၀၁၇ ခုနှစ်အတွင်း ဆင်ဆာခွင့်ပြုချက် ရရှိထားသည့် တန်းစီဇာတ်ကားတစ်ကားနှင့် ရုံရှင်စိတ်ကြိုက် ရွေးချယ်ခွင့် သုံးကားဖြင့် ရုံတင်ပြသမှုစနစ်သစ်ကို စတင်ကျင့်သုံးခဲ့သည်။ ရုံရှင်စိတ်ကြိုက် ရွေးချယ်ရာတွင် မင်္ဂလာကုမ္ပဏီက သီးသန့်ရွေးချယ်ခဲ့ပြီး JCGVရုံများ နှင့် MEGA Ace ရုပ်ရှင်ရုံအုပ်စု နှစ်စုပေါင်းက စိတ်ကြိုက် သီးသန့်ရွေးချယ်ခွင့်ရရှိခဲ့သည်။ ရွေးချယ်မှုတူညီခြင်း၊ မတူညီခြင်းအပေါ်မူတည်ကာ တစ်လအတွင်း ရုံတင်နိုင်သည့် ဇာတ်ကားအရေအတွက် ကွာခြားခဲ့သည်။ ယင်းစနစ်သစ်နှင့် ရွေးချယ်ခွင့်များအရ ၂၀၁၈ ခုနှစ်တစ်နှစ်တာအတွင်း တစ်လလျှင် ဇာတ်ခြောက်ကားမှ ရှစ်ကားအထိ ပျမ်းမျှအားဖြင့် ရုံတင်နိုင်ခဲ့ပြီး နိုဝင်ဘာလအတွင်း၌ စံချိန်တင်အဖြစ် မြန်မာဇာတ်ကား ၁၀ ကား အထိပြသနိုင်ခဲ့သည်။

Most Read

Most Recent