အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် တောင်ပြိုမြို့နယ်ခွဲ၌ တိမ်းရှောင်နေသည့် ကျောင်းသား/ကျောင်းသူများအား အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက လာရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရ

Published 27 August 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုမြို့နယ်ခွဲရှိ အထက်တန်းကျောင်း၌ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် တိမ်းရှောင်ရောက်ရှိနေသော နံံ့သာတောင် ပရဟိတကျောင်းမှ ကျောင်းသား/ကျောင်းသူများ ၃၇၀ ဦးအား ယနေ့ (သြဂုတ်လ ၂၆ ရက်) ညနေ ၅ နာရီတွင် ဝတ်စုံအမည်းများ ဝတ်ဆင်ထားသည့် အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမား ၇ ဦးခန့်က အဖွဲ့ ၂ ဖွဲ့ခွဲ၍ လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းသို့ တိုက်ခိုက်မှုကြောင့် အဆိုပါ စာသင်ကျောင်း၌ လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည့် တပ်မတော် စစ်ကြောင်းက ပြန်လည်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ အနီးပတ်ဝန်းကျင် ကျေးရွာများ အတွင်းသို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်တွင် အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမား အလောင်း ၂ လောင်း၊ ၎င်းတို့ အသုံးပြုသည့် ဖုန်း ၂ လုံးနှင့် အင်္ကျီမည်း ၁ ထည်တို့ကို သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်စစ်ကြောင်းများက အနီးပတ်ဝန်းကျင် လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent