မောင်တောမြို့ပေါ် ဆေးရုံရှေ့ ဇောတိကာရုံကျောင်းရှိ ကျောင်းသားအဆောင်အား ကျောင်းနောက်ဘက်ရှိ ဘင်္ဂါလီနေအိမ်တစ်အိမ်မှ သြဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် သေနတ်ပစ်ခတ်သဖြင့် ကျောင်းသားတစ်ဦး သေဆုံးပြီး ကျောင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇောတိကာရုံကျောင်း ဆရာတော်က မိန့်ကြားသည်။ သေဆုံးသွားသည့် ကျောင်းသားမှာ ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်ပြီး ဒဏ်ရာရသူမှာ ၈ တန်းကျောင်းသား မြိုတိုင်းရင်းသားဖြစ်ကြောင်း သိရသည်။
“ဘုန်းဘုန်းတို့ကျောင်းရဲ့နောက်က ဘင်္ဂါလီနေအိမ်က သေနတ်နဲ့ လှမ်းပစ်လို့ ကျောင်းနောက်ဘက် ကျောင်းသားဆောင်ကို ထိမှန်တယ်။ အဲဒီမှာ ဘုန်းဘုန်းရဲ့ ပရဟိတကျောင်းက ၈ တန်းကျောင်းသား တစ်ယောက် မျက်နှာရှပ်ထိဒဏ်ရာ ရတယ်။ သေတဲ့ နောက်တစ်ယောက်က ဟိန္ဒူဘာသာဝင်တစ်ဦး အသက် ၂၀ အရွယ်ကတော့ သေဆုံးသွားတယ်။ လုံခြုံရေးကို ခေါ်ပေမယ့် ချက်ချင်း မလာဘူး။ ခရိုင်အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ပြောမှ ရဲလေးယောက် ပါလာတယ်။ သေနတ် ၆ ချက်ပစ်ပြီး ပြန်သွားကြတယ်။ ဘင်္ဂါလီ အကြမ်းဖက်သမားတွေက မြို့ပေါ်ရောက်နေပြီ” ဟု ဇောတိကာရုံ ဆရာတော်က မိန့်ကြားသည်။