မန်စီးတီးအသင်းသည် ဧပြီနောက်ပိုင်း အမှတ်ပေးပြိုင်ပွဲ၌ ပထမဆုံး အိမ်ကွင်းရှုံးပွဲ ကြုံတွေ့ခြင်းဖြစ်ပြီး ယင်းပွဲရလဒ်ကြောင့် လီ ဗာပူးလ်အသင်းက ပွဲစဉ် (၁၈) အပြီးမှာပင် ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ရန် သေချာသွားပြီဖြစ်သည်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ သည် ပဲလေ့စ်အသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်ပြီး ဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် လေးမှတ်ကွာဟသွားသော်လည်း ကစား သမားများအား အပြစ်တင်ခြင်းမရှိကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ဧပြီနောက်ပိုင်း အမှတ်ပေးပြိုင်ပွဲ၌ ပထမဆုံး အိမ်ကွင်းရှုံးပွဲ ကြုံတွေ့ခြင်းဖြစ်ပြီး ယင်းပွဲရလဒ်ကြောင့် လီ ဗာပူးလ်အသင်းက ပွဲစဉ် (၁၈) အပြီးမှာပင် ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ရန် သေချာသွားပြီဖြစ်သည်။
သို့သော် ဂွါဒီယိုလာ က ''ပွဲအစမှာ ကျွန်တော်တို့ကစားတာ တော်တော်ကောင်းပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ပါတယ်။ ပထမပိုင်းမှာ လုံလောက် တဲ့ ဖန်တီးမှုတွေလုပ်နိုင်ခဲ့ပြီး လှပတဲ့ဂိုးတစ်ဂိုး လည်း သွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ပြိုင်ဘက် အသင်းက ကွင်းလယ်ကနေ ပထမဆုံးပေး လိုက်တဲ့ လမ်းကြောင်းကတစ်ဆင့် ဂိုးရသွား တယ်။ ခဏနေတော့ တောင်ဆန်က အံ့အားသင့်စရာကောင်းတဲ့ဂိုး ထပ်သွင်းလိုက်တယ်။ ဒုတိယပိုင်းမှာလည်း ကစားပုံကောင်းပေမဲ့ တတိယဂိုးထပ်ပေးလိုက်ရတယ်။ အဲဒီပယ် နယ်တီက ကျွန်တော်တို့အတွက် အရမ်းခက်ခဲ သွားစေပါတယ်။ ကျွန်တော်တို့ နောက်ကျဂိုး တစ်ဂိုးသွင်းနိုင်ခဲ့ပြီး နောက်ထပ်တစ်ကြိမ်၊ နှစ်ကြိမ်လောက် အခွင့်အရေးရပေမဲ့ ဘာမှ ထပ်မလုပ်နိုင်ခဲ့ပါဘူး။ ခရစ္စတယ်ပဲလေ့စ် အသင်းကိုတော့ ဂုဏ်ပြုချင်ပါတယ်''ဟု သုံးသပ်ပြောကြားသည်။
မန်စီးတီးနှင့် လီဗာပူးလ်အသင်းတို့မှာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၁)တွင် ထိပ်တိုက်ရင်ဆိုင်ကစားရမည်ဖြစ်သည်။
အန်ဖီးလ်ကွင်း ပထမအကျော့တွေ့ဆုံတွင်မူ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ထားကြောင်း သိရသည်။