ကာဒစ်ဖ်နှင့်ပွဲအပြီးတွင် မော်ရင်ဟိုအား ပေါ့ဘာ ကျေးဇူးတင်စကားဆို

ကာဒစ်ဖ်နှင့်ပွဲအပြီးတွင် မော်ရင်ဟိုအား ပေါ့ဘာ ကျေးဇူးတင်စကားဆို
Photo: Man Utd via Getty Images
Photo: Man Utd via Getty Images
Published 23 December 2018

မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာက ၎င်းကို လူကောင်းတစ်ဦးဖြစ်လာအောင် သွန်သင်ပေးခဲ့သည့် နည်းပြဟောင်း မော်ရင်ဟိုကို ကျေးဇူးတင်ကြောင်း ကာဒစ်ဖ်အသင်းအား (၅-၁)ဂိုးဖြင့် အနိုင်ရပြီးနောက် ပြောကြားခဲ့သည်။

မော်ရင်ဟိုနှင့် ပေါ့ဘာတို့မှာ မန်ယူအသင်းတွင် ဆက်ဆံရေးတင်းမာခဲ့ကြသူများဖြစ်ပြီး နည်းပြရာထူးမှမထုတ်ခံရမီ နောက်ပိုင်းပွဲစဉ်များတွင် မော်ရင်ဟိုသည် ပေါ့ဘာကို ပွဲထွက်ခွင့်မပေးဘဲ အရန်ခုံတွင်သာ ထိုင်စေခဲ့သည်။

ထို့ပြင် မော်ရင်ဟိုအထုတ်ခံရပြီးနောက် ပေါ့ဘာက Instagram တွင် ပုံတင်ခဲ့ရာ ပရိသတ်များ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ပေါ့ဘာက "ဟိုဆေး(မော်ရင်ဟို)နဲ့ အတူ ကျွန်တော်တို့ ဖလားတွေ ရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အတူတူ အလုပ်တွဲလုပ်ခဲ့ကြတယ်။ အဲဒါတွေအတွက် မော်ရင်ဟိုကို ကျွန်တော် ကျေးဇူးတင်ချင်ပါတယ်။ မော်ရင်ဟိုနဲ့ အရာအားလုံးကတော့ အဆင်မပြေခဲ့ဘူးပေါ့ဗျာ။ ဒါပေမဲ့ အဆင်ပြေတာတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဖလားတွေ ရခဲ့တယ်။ သူက ကျွန်တော့်ကို ကစားသမားတစ်ယောက်အနေနဲ့ရော လူတစ်ယောက်အနေနဲ့ပါ တိုးတက်အောင် အကောင်းဆုံးလုပ်ပေးခဲ့ပါတယ်။ ဒါတွေက အတိတ်မှာတော့ ကျန်ခဲ့ပါပြီ။ ဒါပေမဲ့ အဲဒါတွေအတွက် မော်ရင်ဟိုကို ကျွန်တော် ကျေးဇူးတင်ချင်ပါတယ်။ တခြားကစားသမားတွေလည်း မော်ရင်ဟို ကျေးဇူးတင်နေမယ်လို့ ကျွန်တော် သေချာပြောရဲပါတယ်"ဟု ကာဒစ်ဖ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

မော်ရင်ဟို မန်ယူအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရခြင်းမှာ ပေါ့ဘာသည် လက်သည်တရားခံဖြစ်သည်ဟု ဘောလုံးသမားဟောင်းများနှင့် မီဒီယာများက ဝေဖန်ခဲ့ကြသည်။ 

Most Read

Most Recent