အဲဗာတန်နှင့်ပွဲတွင် ကွင်းအတွင်းပြေးဝင်အောင်ပွဲခံခဲ့သည့် ကလော့ပ် ပေါင် (၈၀၀၀) ဒဏ်ရိုက်ခံရ

အဲဗာတန်နှင့်ပွဲတွင် ကွင်းအတွင်းပြေးဝင်အောင်ပွဲခံခဲ့သည့် ကလော့ပ် ပေါင် (၈၀၀၀) ဒဏ်ရိုက်ခံရ
Photo: Getty Images
Photo: Getty Images
Published 4 December 2018

 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် အဲဗာတန်နှင့်ပွဲတွင် ကွင်းအတွင်းပြေးဝင်ကာ အောင်ပွဲခံခဲ့သည့် လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ကို ပေါင် (၈၀၀၀) ဒဏ်တပ်ရိုက်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ (၂) ရက်နေ့ကကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ် (၁-၀) အဲဗာတန်ပွဲ၌ ပွဲချိန် (၉၆) မိနစ်တွင် လီဗာပူးလ်အသင်းအတွက် အော်ရီဂီအနိုင်ဂိုးသွင်းပြီးနောက် ကွင်းအတွင်းပြေးဝင်ကာ အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။

၎င်း၏လုပ်ရပ်မှာ မှားယွင်းကြောင်း ယင်းပွဲအပြီးတွင် ကလော့ပ်က ဝန်ခံခဲ့ပြီး အဲဗာတန်အသင်းကို ပြန်လည်တောင်းပန်ခဲ့သော်လည်း FA က ဒဏ်ရိုက်ခဲ့ခြင်းဖြစ်သည်။ FA သည် ကလော့ပ်ကို မသင့်တောင်သည့် အပြုအမူကို ပြုလုပ်ခဲ့သည်ဆိုသောအချက်ဖြင့် ဒဏ်ရိုက်ခဲ့ခြင်းဖြစ်ပြီး အနာဂတ်တွင် ၄င်း၏အပြုအမူကို ထိန်းသိမ်းရန်လည်း သတိပေးခဲ့ကြောင်းသိရသည်။

ကလော့ပ်၏ အပြုအမူနှင့်ပတ်သက်ပြီး အဲဗာတန်အသင်းနည်းပြ မာကိုဆေးလ်ဗားက ၄င်းအတွက် ပြဿနာမရှိကြောင်းပြောကြားခဲ့သည်။

မာကိုဆေးလ်ဗားက '' အော်ရီဂီဂိုးသွင်းအပြီးမှာ ကလော့ပ်အောင်ပွဲခံခဲ့တာကို ကျွန်တော်မမြင်လိုက်ပါဘူး။ တကယ်လို့ ဒီလိုပွဲမျိုးမှာ ကျွန်တော်တို့အသင်း ကံကောင်းပြီး ဂိ်ုးရခဲ့မယ်ဆိုရင်လည်း ကလော့ပ်လိုပဲ ကျွန်တော်ပြုမူမိလိမ့်မယ်လို့ ထင်ပါတယ်။ ကလော့ပ်ရဲ့လုပ်ရပ်ဟာ လေးစားမှုမရှိတဲ့လုပ်ရပ်လို့ ကျွန်တော်မမြင်ပါဘူး'' ဟု ပြောကြားခဲ့သည်။

Most Read

Most Recent