မြားပစ်အားကစားနည်း နောက်ဆုံးနေ့ ပွဲစဉ်အဖြစ် သြဂုတ် ၂၂ ရက် နံနက်ပိုင်းတွင် Recurve အမျိုးအစား Mixed Team (ကျား၊ မ နှစ်ယောက်တွဲ) ပြိုင်ပွဲကျင်းပခဲ့ပြီး မြန်မာ အသင်း ဆုတံဆိပ်နှင့်ထပ်မံလွဲချော်ခဲ့ကြောင်း သိရသည်။
Recurve Mixed Team ပြိုင်ပွဲတွင် ထိုက်လင်းဦးနှင့် ဇာခြည်ဝင်းအတွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စတင်ကစားရသည့် ကွာတားဖိုင်နယ်အဆင့်တွင် ဗီယက်နမ်အသင်းအား ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲ၌ အင်ဒို နီးရှားအသင်းက ရွှေတံဆိပ်ရရှိပြီး အိမ်ရှင် မလေးရှားက ငွေတံဆိပ်နှင့် ဗီယက်နမ်က ကြေးတံဆိပ်ရရှိခဲ့ကြောင်း သိရသည်။
ဆီးဂိမ်းစ်မြားပစ်ပြိုင်ပွဲအားလုံး ပြီးဆုံးသွားပြီဖြစ်ပြီး အိမ်ရှင်မလေးရှားအသင်းက ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် နှစ်ခုဖြင့် နိုင်ငံအလိုက် ပထမနေရာရရှိကာ အင်ဒိုနီး ရှားက ရွှေလေးခု၊ ငွေတစ်ခု၊ ကြေးတစ်ခုဖြင့် ဒုတိယ၊ ဗီယက်နမ်က ရွှေတစ်ခု၊ ငွေနှစ်ခု၊ ကြေးနှစ်ခုစီဖြင့် တတိယရရှိခဲ့သည်။
မြန်မာ မြားပစ်အဖွဲ့မှာမူ ငွေတံဆိပ်တစ်ခုသာရရှိခဲ့ပြီး အဆင့်ခြောက်နေရာသာ ပူးတွဲရပ်တည်နိုင်ကာ ယင်းဆုတံဆိပ်အား Compound Mixed Team ပြိုင်ပွဲ၌ ရဲမင်းဆွေနှင့် အောင် ငှိမ်းအတွဲက ရယူပေးခဲ့ခြင်းဖြစ်သည်။