မုဒိမ်းမှုနှင့်ပတ်သက်ပြီး အစောပိုင်းတွင် စီရော်နယ်လ်ဒို ဝန်ခံထားသည့် လျှို့ဝှက်ဖိုင်ပေါက်ကြား

မုဒိမ်းမှုနှင့်ပတ်သက်ပြီး အစောပိုင်းတွင် စီရော်နယ်လ်ဒို ဝန်ခံထားသည့် လျှို့ဝှက်ဖိုင်ပေါက်ကြား
စီရော်နယ်လ်ဒိုနှင့် မာယော်ဂါတို့အား နိုက်ကလပ်ထဲတွင် အတူတွေ့ရစဉ်
စီရော်နယ်လ်ဒိုနှင့် မာယော်ဂါတို့အား နိုက်ကလပ်ထဲတွင် အတူတွေ့ရစဉ်
Published 3 December 2018

၂၀၀၉ ခုနှစ် ဇွန်လက အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂတ်စ်မြို့ရှိ Palms Place ဟိုတယ်တွင် အမေရိကန် မော်ဒယ် ကက်သရင်းမာယော်ဂါအား မုဒိမ်းမှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် စီရော်နယ်လ်ဒို ကိုယ်တိုင် ဝန်ခံထားသော လျှို့ဝှက်ဖိုင်တစ်ခု ပေါက်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါဖိုင်ကို မုဒိမ်းမှု အရှုပ်တော်ပုံကို ဖော်ထုတ်ခဲ့သည့် ဂျာမန် မဂ္ဂဇင်း Der Spiegel က ထပ်မံ ဖွင့်ချခဲ့ခြင်းဖြစ်သည်။ ယင်းဖိုင်ထဲတွင် စီရော်နယ်လ်ဒိုက သူ၏ ဥပဒေအကြံပေးအဖွဲ့သို့ ပြောကြားထားသည့် စကားများ ပါဝင်ပြီး မာယော်ဂါမှ ၎င်းအား ရပ်တန့်ရန် အကြိမ်ကြိမ် ပြောကြားခဲ့ကြောင်းနှင့် အားလုံး ပြီးဆုံးသွားချိန်တွင် ၎င်းက တောင်းပန်ခဲ့ကြောင်း ထွက်ဆိုထားသည်။ အဆိုပါ ထွက်ဆိုချက်မှာ ၂၀၀၉ စက်တင်ဘာက ပြောကြားထားခြင်းဖြစ်ပြီး ၂၀၀၉ ဒီဇင်ဘာလအတွင်း ပြောကြားခဲ့သည်ဆိုသည့် ဖိုင်တွင်မူ အထက်ပါဖွင့်ဟချက်နှင့် လုံးဝကွဲပြား ခြားနားသွားခဲ့သည်။ သို့သော ်စီရော်နယ်လ်ဒိုသည် ယင်းကိစ္စအတွက် ကျေအေးရန် ဒေါ်လာသုံးသိန်းခွဲဖြင့် မာယော်ဂါနှင့် သဘောတူညီမှု ရယူခဲ့ပြီး ယင်းငွေကြေး ပေးချေမှုမှာလည်း အမှန်တကယ် ကျူးလွန်ခဲ့သည်ဟု အဓိပ္ပာယ် မသက်ရောက်ကြောင်း ၎င်း၏ ဥပဒေအကြံပေးအဖွဲ့ ကပြောကြားခဲ့သည်။ စီရော်နယ်လ်ဒို ကိုယ်တိုင်ကလည်း မည်သည့်အမှားမျှ မလုပ်ခဲ့ဟု ဆိုထားဆဲဖြစ်သည်။

Most Read

Most Recent