Brexit ကြောင့် အင်္ဂလန်ဘောလုံးလောကရှိ စပိန်နိုင်ငံသား ၈၂ ဦးအပေါ် သက်ရောက်မှုရှိလာနိုင်ဟု AS ဖော်ပြ

Brexit ကြောင့် အင်္ဂလန်ဘောလုံးလောကရှိ စပိန်နိုင်ငံသား ၈၂ ဦးအပေါ် သက်ရောက်မှုရှိလာနိုင်ဟု AS ဖော်ပြ
ချယ်လ်ဆီးအသင်းမှ စပိန်ကစားသမားများ (Photo : Eurosport)
ချယ်လ်ဆီးအသင်းမှ စပိန်ကစားသမားများ (Photo : Eurosport)
Published 26 November 2018

ဥရောပသမဂ္ဂ (EU) မှ ဗြိတိန်နိုင်ငံနုတ်ထွက်သည့် Brexit ဖြစ်စဉ်ကြောင့် အင်္ဂလန်ဘောလုံးလောက ရှိ စပိန်နိုင်ငံသား ၈၂ ဦး၏ အသက် မွေးဝမ်းကျောင်းမှုလုပ်ငန်းအပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း စပိန်အခြေစိုက် AS သတင်းစာက သုံးသပ်ဖော်ပြသည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် Brexit ကြောင့် ကလပ်အသင်းများ၏ ကစားသမားခေါ်ယူမှုအပေါ် သက်ရောက်မှုရှိလာနိုင်သည့်အခြေအနေနှင့် အင်္ဂလန်ကစားသမားများ ပွဲကစားခွင့် ပိုရစေရန် ကစားသမား ၂၅ ဦးစာရင်းမှ နိုင်ငံခြားသား ကစားသမားအရေအတွက် ကို ၁၇ ဦးမှ ၁၃ ဦးသို့ လျှော့ချရန်စီစဉ် လျက်ရှိသည်။ 

သို့ဖြစ်ရာ AS သတင်းစာက အင်္ဂလန်ဘောလုံးလောကရှိ စပိန်နိုင်ငံသား ၈၂ ဦးအတွက်လည်း သက်ရောက်မှုရှိလာနိုင်ကြောင်း သုံး သပ်ဖော်ပြခြင်းဖြစ်သည်။ 

အင်္ဂလန် ဘောလုံးလောကတွင် စပိန်ကစား သမား ၄၅ ဦး၊ နည်းပြ၊ နည်းပြအဖွဲ့ ဝင်နှင့် အမှုဆောင်အဆင့်ဝန်ထမ်း ၃၇ ဦး၊ စုစုပေါင်း ၈၂ ဦးရှိပြီး ပရီးမီး ယားလိဂ်ကလပ်များ၌ ကစားနေသူ ၃၅ ဦးနှင့် လိဂ်ချန်ပီယံရှစ်၌ကစား နေသူ ၁၀ ဦးရှိကြောင်း သိရသည်။  

ပရီးမီးယားလိဂ်ကလပ် ၁၇ သင်း၌ စပိန်ကစားသမားများ ပါဝင်ကစားလျက်ရှိပြီး နည်းပြမှာလည်း လေးဦး ရှိကာ အင်္ဂလန်နည်းပြအရေအတွက်နှင့်အတူ အများဆုံးဖြစ်သည်။

Most Read

Most Recent