လီဗာပူးလ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် နေမာနှင့် ဘာပေ ပါဝင်ကစားနိုင်ဖွယ်ရှိနေ

လီဗာပူးလ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် နေမာနှင့် ဘာပေ ပါဝင်ကစားနိုင်ဖွယ်ရှိနေ
Photo: AFP
Photo: AFP
Published 25 November 2018

 

PSG အသင်းတိုက်စစ်ကစားသမားများ ဖြစ်သည့် နေမာနှင့် ဘာပေတို့သည် လီဗာပူးလ်အသင်းနှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်ကစားနိုင်ဖွယ်ရှိနေကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့သည်။

နေမာနှင့် ဘာပေတို့သည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကစားခဲ့သည့် နိုင်ငံတကာပွဲစဉ်များတွင် ဒဏ်ရာများရရှိခဲ့ကြခြင်းဖြစ်ပြီး စနေနေ့က ကစားခဲ့သည့် လီဂူးပွဲစဉ် PSG (၁-ဝ) တူးလူးပွဲကို လွဲချော်ခဲ့ကြသည်။ 

နေမာသည် ဘရာဇီးလ်အသင်းအတွက် ကစားရင်း ပေါင်ခြံဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဘာပေမှာလည်း ပြင်သစ်-ဥရုဂွေးပွဲစဉ်တွင် ပခုံးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ 

သို့သော် ၎င်းတို့နှစ်ဦးစလုံးသည် ပြီးခဲ့သည့် သောကြာနေ့က တစ်ဦးချင်းလေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြပြီး တနင်္လာနေ့တွင် အသင်းနှင့် လေ့ကျင့်ခန်းများပြုလုပ်မည်ဖြစ်ကြောင်း အသင်းနည်းပြ တူဟယ်လ်က ပြောကြားခဲ့သည်။

PSG အသင်းနည်းပြ တူဟယ်လ်က လီဗာပူးလ်အသင်းနှင့် ပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်ထားကြောင်းနှင့် နေမာနှင့် ဘာပေတို့မှာ ယင်းပွဲတွင် ပါဝင်ကစားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ တူဟယ်လ်က "နေမာနဲ့ ဘာပေတို့ လီဗာပူးလ်နဲ့ ပါဝင်ကစားနိုင်မှာပါ။ လီဗာပူးလ်နဲ့ ပွဲစဉ်က ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အဲဒီပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်ထားပါတယ်"ဟု ပြောကြားခဲ့သည်။

PSG အသင်းသည် ချန်ပီယံလိဂ်အုပ်စု(C)တွင် ရမှတ် (၅)မှတ်ဖြင့် အဆင့် (၃)နေရာ၌ ရပ်တည်နေပြီး နိုဝင်ဘာ (၂၈)ရက် နေ့ အိမ်ကွင်းတွင် လီဗာပူးလ်အသင်းနှင့် ကစားရမည့်ပွဲစဉ်မှာ နောက်တစ်ဆင့်တက်ရေးအတွက် အလွန်အရေးပါနေသည်။ အဆိုပါ အုပ်စုတွင် နာပိုလီ၊ လီဗာပူးလ်တို့က (၆)မှတ်စီရရှိထားပြီး  ဇဗက်ဒါက (၄)မှတ် ရရှိထားသည်။ 

Most Read

Most Recent