ဒမ်ဘီလီရဲ့ နောက်ကျသွင်းဂိုးနဲ့ ကံကောင်းခဲ့တဲ့ ဘာစီလိုနာ

ဒမ်ဘီလီရဲ့ နောက်ကျသွင်းဂိုးနဲ့ ကံကောင်းခဲ့တဲ့ ဘာစီလိုနာ
Photo: Reuters
Photo: Reuters
Published 25 November 2018

 

■ အက်သလက်တီကို ၁-၁ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုအသင်းကို အဝေးကွင်းမှာ လူစားဝင်ကစားသမား ဒမ်ဘီလီရဲ့ နောက်ကျသွင်းဂိုးကြောင့် (၁-၁)ဂိုးနဲ့ သရေကျပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲစဉ်မှာ နှစ်သင်းစလုံး (၄-၄-၂) ပုံစံကို အသုံးခဲ့ကြပြီး အက်သလက်တီကိုအသင်းမှာ ဂရီးဇ်မန်း၊ ဒီယေဂိုကော်စတာ၊ ဆာအူလ်၊ လူမာ၊ ရိုဒရီတို့နဲ့ လူစုံခဲ့ပါတယ်။

ဘာစီလိုနာအသင်းမှာတော့ ကော်တင်ဟို၊ ရာကီတစ်တို့ ပါဝင်နိုင်ခြင်းမရှိတာကြောင့် ကွင်းလယ်ခင်းကျင်းပုံ ပြောင်းလဲခဲ့ပြီး ဘူးစကွက်စ်၊ အာသာ၊ ဆာဂျီရောဘတ်တို၊ ဗီဒယ်လ်တို့ကို အသုံးပြုခဲ့ကာ တိုက်စစ်မှာတော့ မက်ဆီနဲ့ ဆွာရက်ဇ်တို့ ကစားခဲ့ကြပါတယ်။

ဘာစီလိုနာအသင်းဟာ ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားခဲ့ပေမယ့် အက်သလက်တီကိုအသင်းက သူတို့ရဲ့ပုံစံအတိုင်းပဲ ခံစစ်ကို စနစ်တကျပိတ်ဆို့ကစားခဲ့တာကြောင့် ဘာစီလိုနာတို့ အခက်တွေ့ခဲ့ရပါတယ်။

ဘာစီလိုနာဟာ ဘောလုံးကိုင်ထားပေမယ့် ကျစ်လျစ်လွန်းတဲ့ အက်သလက်တီကိုအသင်းရဲ့ ခံစစ်ကို ထိုးဖောက်နိုင်ခြင်းတော့ မရှိပါဘူး။ မက်ဆီရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုတွေကိုလည်း အက်သလက်တီကိုအသင်းက ခပ်ကြမ်းကြမ်းတုံ့ပြန်ခဲ့တာကြောင့် အလုပ်မဖြစ်ဘဲ ပထမပိုင်းမှာ (၀-၀)ဂိုးနဲ့ သရေကျနေခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာတော့ အက်သလက်တီကိုအသင်းကလည်း ဂိုးရဖို့ ကြိုးစားလာတာကြောင့် ပွဲဟာ ပထမပိုင်းကထက် အကြိတ်အနယ်ပိုရှိလာခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဘာစီလိုနာအသင်းကပဲ ဘောလုံးကိုင်ထားခဲ့ပေမယ့် တိုက်စစ်ပိုင်းအားနည်းခဲ့ပြီး အက်သလက်တီကိုအသင်းရဲ့ တန်ပြန်တိုက်စစ်ကတောင် ပိုအလုပ်ဖြစ်ခဲ့ပါတယ်။ 

အက်သလက်တီကိုအတွက် ဦးဆောင်ဂိုးကိုတော့ ပွဲချိန် (၇၇)မိနစ်မှာ ဂိုးပေါက်ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ ဒီယေဂိုကော်စတာက ဂရီးဇ်မန်းရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာတော့ ဗယ်လ်ဗာဒီဟာ ဒမ်ဘီလီ၊ မယ်လ်ကွန်တို့ကို ထည့်သွင်းကစားခဲ့ပါတယ်။ ဒမ်ဘီလီတို့ ဝင်လာပြီးနောက်ပိုင်းမှာ ဘာစီလိုနာတိုက်စစ်ဟာ ပိုအလုပ်ဖြစ်လာခဲ့ပြီး ဘာစီလိုနာအတွက် ချေပဂိုးကိုတော့ ပွဲပြီးခါနီးမှာ မက်ဆီရဲ့ ပေးပို့မှုကနေ ဒမ်ဘီလီက ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ သရေကျခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပေမယ့် မနက်ဖြန်ညမှာ ဆီဗီလာအသင်းသာ ဗယ်လာဒိုလစ်အသင်းကို နိုင်ခဲ့ရင် နေရာဖယ်ပေးရဖို့ ရှိနေပါတယ်။ 

■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်

=========

ဘရိုက်တန် ၁-၁ လက်စတာ

အဲဗာတန် ၁-၀ ကာဒစ်ဖ်

ဖူလ်ဟမ် ၃-၂ ဆောက်သမ်တန်

မန်ယူ ၀-၀ ခရစ္စတယ်ပဲလေ့စ်

ဝက်ဖို့ဒ် ၀-၃ လီဗာပူးလ်

ဝက်စ်ဟမ်း ၀-၄ မန်စီးတီး

စပါး ၃-၁ ချယ်လ်ဆီး



လာလီဂါ

=====

အီဘာ ၃-၀ ရီးယဲလ်မက်ဒရစ်

ဗလင်စီယာ ၃-၀ ဗယ်လက်ကာနို

ဟူဆကာ ၂-၂ လီဗန်တေး

အက်သလက်တီကို ၁-၁ ဘာစီလိုနာ



စီးရီးအေ

=====

အူဒီးနီးစ် ၁-၀ ရိုးမား

ဂျူဗင်တပ်စ် ၂-၀ SPAL

အင်တာမီလန် ၃-၀ ဖရိုဆီနိုနီ



ဘွန်ဒစ်လီဂါ

=======

ဘိုင်ယန်မြူးနစ် ၃-၃ ဒစ်ဆယ်ဒေါ့ဖ်

ဟာသာဘာလင် ၃-၃ ဟော်ဖန်ဟင်မ်

အော့စ်ဘတ် ၁-၃ ဖရန့်ဖတ်

မိန့်ဇ် ၁-၂ ဒေါ့မွန်

ဝုလ်ဖ်ဘတ် ၁-၀ လိုက်ပ်ဇစ်

ရှော်လ်ကေး ၅-၂ နုရင်ဘတ်



လီဂူး

===

PSG ၁-၀ တူးလူး

ကိန်း ၀-၁ မိုနာကို

ဒီယွန်း ၀-၀ ဘော်ဒိုး

နန့်စ် ၁-၁ အန်ဂါစ်

Reims ၂-၁ ဂူအင်ဂမ့်

စထရာဘိုး ၀-၁ နီးစ်



လိဂ်ချန်ပီယံရှစ်

=========

ရော့သာဟမ် ၂-၂ ရှက်ဖီးယူနိုက်တက်

ဟားလ်စီးတီး ၀-၂ နော်တင်ဟမ်

လိဒ်စ် ၂-၀ ဘရစ္စတိုးလ်စီးတီး

မီဝေါလ် ၁-၁ ဘော်လ်တန်

ပရက်စတန် ၄-၁ ဘလက်ဘန်း

ရှက်ဖီးဝင်းစ်ဒေး ၁-၂ ဒါဘီ

စတုတ်စီးတီး ၂-၂ QPR

ဆွမ်ဆီး ၁-၄ နောဝစ်ချ်

ဝီဂန် ၀-၀ ရက်ဒင်း

ဘရန့်ဖို့ဒ် ၁-၂ မစ်ဒယ်ဘရော့

Most Read

Most Recent