ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဆိုလာရီက အီဘာ (၀-၃) ရီးယဲလ်မက်ဒရစ်ပွဲစဉ်တွင် အီဘာအသင်းက ထိုက်ထိုက်တန်တန်အနိုင်ရခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယခုပွဲစဉ်မှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရပြီးနောက် ဆိုလာရီ၏ ပထမဆုံးပွဲစဉ်ဖြစ်ခဲ့ပြီး အသင်းအနေဖြင့် ယခုထက်ပိုမိုတိုးတက်ရန်လိုအပ်ကြောင်းနှင့် ၄င်းကိုင်တွယ်ခဲ့သည့် (၅) ပွဲတွင် ယခုပွဲစဉ်မှာ အဆိုးဆုံးဖြစ်ကြောင်း ၄င်းကပြောကြားခဲ့သည်။
ဆိုလာရီက ''ဒီနေ့ပွဲစဉ်မှာ ကျွန်တော်တို့ ခြေစွမ်းမကောင်းခဲ့ပါဘူး။ ဒါကို လက်ခံရမှာပါ။ ကျွန်တော်တို့အနေနဲ့ အမှားတွေကနေ သင်ယူပြီး တိုးတက်အောင်ပြုလုပ်ဖို့ လိုအပ်နေပါတယ်။ အီဘာအသင်းဟာ ဒီနေ့ပွဲစဉ်မှာ တကယ်ကိုကောင်းခဲ့ပါတယ်။ သူတို့ ထိုက်ထိုက်တန်တန်အနိုင်ရခဲ့တာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ သူတို့ကို ဂုဏ်ပြုရမှာပါ။ ဒီရလဒ်က ကျွန်တော်တို့ ထင်မှတ်မထားတဲ့ ရလဒ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ ခြေစွမ်းတိုးတက်အောင် သေချာကြိုးစားရမှာပါ။ သေချာတာကတော့ ဒီပွဲစဉ်မှာ ကျွန်တော်ကိုင်တွယ်ခဲ့တဲ့ နောက်ဆုံး (၅)ပွဲမှာ အဆိုးဆုံးပွဲစဉ်ပါပဲ'' ဟုပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် ယခုနှစ်လာလီဂါပွဲစဉ် (၁၃) ပွဲတွင် (၁၉) ဂိုးအထိပေးထားရပြီး ခံစစ်ပိုင်းတိုးတက်ရန် လိုအပ်ကြောင်းဆိုလာရီက ဆိုခဲ့သည်။
'' ကျွန်တော်တို့အနေနဲ့ ပေးဂိုးတွေနည်းအောင် ကြိုးစားရမှာပါ။ ဒါမှ ကိုယ်သွင်းတဲ့ဂိုးတွေက အဖက်တင်ပါလိမ့်မယ်။ ဒါကကျွန်တော်တို့ရဲ့အလုပ်ပါ။ ဂိ်ုးနည်းနည်းပေးပြီး ဂိုးများများပြန်သွင်းနိုင်အောင် ကျွန်တော်တို့ ကြိုးစားရမှာပါ'' ဟုဆိုလာရီက ပြောကြားခဲ့သည်။