Photo - MHF
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက် ခံကျင်းပလျက်ရှိသည့် ဆီးဂိမ်းစ် အမျိုးသမီး ဟော်ကီပြိုင်ပွဲ အုပ်စုပွဲစဉ်များကို သြဂုတ် ၂၁ ရက် (ယနေ့) စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် စင်ကာပူအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိ ရသည်။
အမျိုးသမီးဟော်ကီပြိုင်ပွဲတွင် အသင်း ငါးသင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ကစားကာ အမှတ်အများ ဆုံးနှစ်သင်း ဗိုလ်လုပွဲနှင့် အဆင့် ၃/၄ နေရာ ရအသင်းတို့မှာ တတိယနေရာလုပွဲ ကစား ရမည်ဖြစ်သည်။ အမျိုးသမီးဟော်ကီပြိုင်ပွဲ တွင် အိမ်ရှင်မလေးရှားအသင်းအပါအဝင် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် စင်ကာပူအသင်း တို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပွဲစဉ် ရေးဆွဲထားမှုအရ မြန်မာအသင်းသည် သြ ဂုတ် ၂၁ ရက်တွင် စင်ကာပူအသင်း၊ သြဂုတ် ၂၂ ရက်တွင် ထိုင်းအသင်း၊ သြဂုတ် ၂၄ ရက် တွင် အင်ဒိုနီးရှားအသင်း၊ သြဂုတ် ၂၆ ရက် တွင် အိမ်ရှင်မလေးရှားအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ မြန်မာအမျိုးသမီး ဟော်ကီအသင်းသည် ပါကစ္စတန်လူမျိူး နည်းပြဖြင့် လေ့ကျင့်မှုများပြုလုပ်ထားပြီး ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် တရုတ်နိုင်ငံ၌ သွားရောက်လေ့ကျင့်ထားကြောင်း သိ ရသည်။