မြန်မာ-ဘရူနိုင်းပွဲအပြီးတွင် ဒိုင်လူကြီးများနားနေခန်း သော့ပျောက်နေသဖြင့် အပြင်ဘက်၌စောင့်ဆိုင်းခဲ့ရ

မြန်မာ-ဘရူနိုင်းပွဲအပြီးတွင် ဒိုင်လူကြီးများနားနေခန်း သော့ပျောက်နေသဖြင့် အပြင်ဘက်၌စောင့်ဆိုင်းခဲ့ရ
Published 20 August 2017

photo - ညီညီစိုးညွန့်

 

သြဂုတ် ၁၈ ရက်က မလေးရှားနိုင်ငံ ရှာအလမ်မြို့ရှိ အားကစားကွင်း၌ကျင်းပ UiTM သည့် ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ မြန်မာအသင်းနှင့် ဘရူနိုင်းအသင်းတို့ပွဲစဉ် အပြီးတွင် ဒိုင်လူကြီးများနားနေခန်းသော့ ပျောက်နေသဖြင့် အပြင်ဘက်၌ မိနစ်အနည်း ငယ်ကြာ မတ်တတ်ရပ်၍ စောင့်ဆိုင်းနေခဲ့ရ ကြောင်း သိရသည်။

ယင်းပွဲစဉ်ကို ဗီယက်နမ်ကွင်းလယ်ဒိုင် လူကြီး ဗိုမင်ထရိုင်နှင့် တွဲဖက်ဒိုင်လူကြီးများ တာဝန်ယူကိုင်တွယ်ခဲ့ပြီး ပွဲပြီးချိန်၌ နားနေ ခန်းသို့ပြန်လာစဉ် သော့မရှိသဖြင့်စောင့်ဆိုင်း နေခဲ့ရခြင်းဖြစ်သည်။ ယင်းပွဲယှဉ်ပြိုင်ကစား စဉ် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ဒိုင်လူကြီး များအနေဖြင့် မိုးရေများစိုနေသောကြောင့် အခန်းအပြင်ဘက်၌ ခေတ္တစောင့်ဆိုင်းနေပြီး နောက် တာဝန်ရှိသူများအခန်း၌ သွားရောက် စောင့်ဆိုင်းခဲ့ရသည်။ မိနစ်အနည်းငယ် အကြာမှသာ ကွင်းဝန်ထမ်းတစ်ဦးရောက်ရှိ လာပြီး သော့ဖွင့်ပေးသဖြင့် နားနေခန်းသို့ ဝင်ရောက်ခွင့်ရခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၇ ရက်ကလည်း ယင်းကွင်း၌ပင်ကျင်းပသည့် မြန်မာ-မလေးရှား အမျိုးသမီးဘောလုံးပြိုင်ပွဲ အပြီးတွင် မြန်မာအသင်းစီးနင်းမည့်ကား အတွက် ယာဉ်မောင်းမရှိတော့သဖြင့် အခက် အခဲများကြုံတွေ့ခဲ့ရသည်။

Most Read

Most Recent