(၂၉)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီအားကစားကွင်း၌ ယနေ့ ကျင်းပမည်

(၂၉)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီအားကစားကွင်း၌ ယနေ့ ကျင်းပမည်
Published 19 August 2017

Photo - Malay Mail Online

၂၀၁၇ ခုနှစ် (၂၉) ကြိမ်မြောက် မလေး ရှားဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၉ ရက် (ယနေ့) မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ကွာလာလမ်ပူမြို့ရှိ ဘူ ကစ်ဂျာလီအားကစားကွင်း၌ ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားမစတင်မီ ညနေ ၄ နာရီခွဲမှစ၍ အကြိုတင်ဆက်ပြသမှုများပြုလုပ် မည်ဖြစ်ပြီး ပရိသတ်များကိုမူ မွန်းလွဲ ၂ နာရီ ခွဲကတည်းက စတင်ဝင်ရောက်ခွင့်ပြုမည်ဖြစ် သည်။ ယင်းအခမ်းအနားသို့ အာဆီယံဒေသ တွင်းမှ ထိပ်တန်းခေါင်းဆောင်များတက် ရောက်မည်ဖြစ်ပြီး မလေးရှားနိုင်ငံ၏သမိုင်း ကြောင်းနှင့် ရိုးရာယဉ်ကျေးမှုအကြောင်းကို ကဏ္ဍအသီးသီးခွဲ၍ တင်ဆက်ပြသမည်ဖြစ် သလို တေးဂီတဖြင့် သီဆိုဖျော်ဖြေကပြမည့် အစီအစဉ်များလည်းပါဝင်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမားများနှင့် တာဝန်ရှိသူများသည် မလေးရှားဘာသာ အက္ခရာစဉ်အလိုက် ကွင်းအတွင်းသို့ဝင်ရောက် ၍ ပရိသတ်များအား နှုတ်ဆက်မည်ဖြစ်ပြီး အိမ်ရှင်မလေးရှားအသင်းမှာမူ နောက်ဆုံးမှ သာ ကွင်းအတွင်းဝင်ရောက်မည်ဖြစ်သည်။ မလေးရှားနိုင်ငံအလံကို ဂန္ထဝင်ကစားသမား များဖြစ်သည့် အဇစ်ဇူလ်ဟက်စ်နီ (စက်ဘီး)၊ ချန်းဂျန်ဟွန်း (ဒိုင်ဗင်) နှင့် အယ်လ်ဂျူဖာရီ ဂျာမာရီ (ပန်ကြပ်ဆီလတ်) တို့က ကိုင်ဆောင် ၍ ကွင်းအတွင်းဝင်ရောက်လာမည်ဖြစ်ပြီး အမြင့်ခုန်ကစားသမား ရန်းဟာဝါက အား ကစားသမားများ၏ ကျမ်းသစ္စာကျိန်ဆိုမည် ဖြစ်ကြောင်း သိရသည်။

မလေးရှားအစိုးရသည် ပြိုင်ပွဲကာလတစ် လျှောက်လုံး နိုင်ငံတစ်ဝန်း လုံခြုံရေးတင်းကျပ်ထားပြီး ဖွင့်ပွဲအခမ်းအနား အတွက် လုံခြုံရေးရဲတပ်ဖွဲ့ဝင်နှင့် စစ်သည် အင်အား ၈၀၀၀ အထိ အသုံးပြုရန် စီစဉ်ထား သည်။ ဖွင့်ပွဲအခမ်းအနားကျင်းပပုံကို ရုပ်သံ နှင့် အင်တာနက်အွန်လိုင်းမှတစ်ဆင့် တိုက် ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

Most Read

Most Recent