ဒူးဒဏ်ရာကြောင့် ဆွာရက်ဇ် တစ်လခန့် အနားယူရမည်

ဒူးဒဏ်ရာကြောင့် ဆွာရက်ဇ် တစ်လခန့် အနားယူရမည်
Published 19 August 2017

ဘာစီလိုနာအသင်း၏ အဓိကတိုက်စစ် မှူးတစ်ဦးဖြစ်သူ ဆွာရက်ဇ်သည် ဒူးဒဏ်ရာ ကြောင့် တစ်လခန့် အနားယူရမည်ဖြစ် ကြောင်းသိရသည်။
ဆွာရက်ဇ်သည် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ က စပိန်စူပါဖလားဒုတိယအကျော့အဖြစ် ရီး ယဲလ်နှင့်ကစားခဲ့သောပွဲတွင် ဒုတိယပိုင်း၌ ယင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ဆွာရက်ဇ် ၏ဒဏ်ရာနှင့်ပတ်သက်၍ ဘာစီလိုနာအသင်း က သတင်းထုတ်ပြန်ခဲ့ပြီး ယင်းထဲတွင် -ဆွာ ရက်ဇ်သည် ရီးယဲလ်နှင့်ကစားခဲ့သောပွဲတွင်
ညာဘက်ဒူး၌ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆွာ ရက်ဇ်အနေဖြင့် လေးပတ်ခန့် အနားယူရမည် ဖြစ်ကြောင်း- ဖော်ပြပါရှိခဲ့သည်။ ဆွာရက်ဇ် သည်
ယခုဒဏ်ရာကြောင့် လာလီဂါရာသီအစ ပွဲစဉ်များဖြစ်သည့် ဘက်တစ် (အိမ်)၊ အလာ ဗတ်စ် (အဝေး)၊ အက်စ်ပန်ညို (အိမ်) တို့နှင့် ကစားမည့်ပွဲများကို
လွဲချော်မည်ဖြစ်ကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် ယခုရာ သီအစတွင် ရလဒ်ဆိုးများနှင့် ရုန်းကန်နေရ ချိန်၌ အဓိကတိုက်စစ်မှူးဆွာရက်ဇ်
ဒဏ်ရာ ရရှိခဲ့၍ ၎င်းတို့အတွက် ကြီးမားသည့်ထိုးနှက် ချက်ဖြစ်ခဲ့ရသည်။  ထို့ပြင် ဘာစီလိုနာအသင်း နောက်ခံလူ ပီကေးမှာလည်း
ပေါင်ခြံဒဏ်ရာကြောင့် ယခု တနင်္ဂနွေနေ့တွင် ဘက်တစ်နှင့်ကစားမည့် လာလီဂါအဖွင့်ပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။

REF&Photo:AFP

Most Read

Most Recent