အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ် ဗလင်စီယာအသင်းသို့ ရောက်ရှိရန် နီးစပ်

အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ် ဗလင်စီယာအသင်းသို့ ရောက်ရှိရန် နီးစပ်
Published 18 August 2017

Photo: Mirror

အာဆင်နယ်အသင်း၏ ဘရာဇီးလ်နောက်ခံလူ ဂါဘရီယဲလ်သည် လာလီဂါကလပ် ဗလင်စီယာအသင်းထံ ပြောင်းရွှေ့ရောက်ရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

ဂါဘရီယဲလ်သည် ၂၀၁၅ ခုနှစ်က ဗီလာရီးယဲလ်အသင်းမှ အာဆင်နယ်အသင်းသို့ ရောက်ရှိခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းတွင် ပြိုင်ပွဲစုံ(၆၄)ပွဲ ကစားပေးခဲ့သူဖြစ်သည်။

သို့သော် သူ၏ခြေစွမ်းကို အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အကြိုက်တွေ့ခြင်းမရှိသည့်အတွက် ပြန်လည်ရောင်းထုတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ခေါ်ယူခဲ့စဉ်က ပေးချေခဲ့ရသောတန်ဖိုးဝန်းကျင် ယူရို(၁၁)သန်းဖြင့် ဗလင်စီယာအသင်းသို့ ရောင်းထုတ်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

ဗလင်စီယာအသင်းက လာလီဂါပြိုင်ပွဲမစတင်မီ ဂါဘရီယဲလ်ကို အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ရန် ရည်ရွယ်ထားသည့်အတွက် မကြာမီ အတည်ပြုကြေညာသွားဖွယ်ရှိကြောင်းလည်း သိရှိရသည်။

Most Read

Most Recent