ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယနေ့ ပွဲကြိုသုံးသပ်ချက်

ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယနေ့ ပွဲကြိုသုံးသပ်ချက်
Published 17 August 2017

မြန်မာ - မလေးရှား

အချိန် - ည ရး၁၅ နာရီ (မြန်မာစံတော်ချိန်)၊ ကွင်း - UiTM Stadium

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နောက်ဆုံးတွေ့ဆုံမှု

မြန်မာ  ၆-ဝ     မလေးရှား        ၂၀၁၃ ပြိုင်ပွဲ

မြန်မာအသင်းအတွက် အရေးကြီးတဲ့ပွဲဖြစ်ပါတယ်။ ဒီပွဲမှမနိုင်ရင် ကြေးတံဆိပ်တောင် မျှော်လင့်လို့မရတဲ့ အနေအထားဖြစ်သွားနိုင်ပါတယ်။ မြန်မာ အမျိုးသမီးအသင်းအနေနဲ့ ထိုင်းနဲ့ပွဲက လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို ပြင်ဆင်ဖို့လိုအပ်ပြီး မလေးရှားကို အနိုင်ရမှ ချန်ပီယံလမ်းကြောင်းနဲ့ ဆုတံဆိပ်ရရှိဖို့ ဆက်လက်မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ ပုံမှန်ကစားကွက်အတိုင်း ၄-၄-၂ နဲ့ ပွဲထွက်ပြီး တိုက်စစ်အသားပေးပုံစံနဲ့ ကစားဖို့လိုပါတယ်။ အဖွင့်ပွဲမှာ ရှုံးထားတဲ့ မလေးရှားအသင်းက ရုန်းကန်မှာဖြစ်တဲ့အပြင် အိမ်ရှင်ဖြစ်တာကြောင့် သတိထားရပါမယ်။ မြန်မာအသင်း နိုင်ပွဲ စရမှာသေချာပေမယ့် ဂိုးပြတ်ဖို့တော့ မလွယ်လောက်ပါဘူး။

Most Read

Most Recent