မြှားပစ် compound တစ်ဦးချင်းပြိုင်ပွဲများတွင် မြန်မာကစားသမားများ ဆုတံဆိပ်နှင့်လွဲချော်

မြှားပစ် compound တစ်ဦးချင်းပြိုင်ပွဲများတွင် မြန်မာကစားသမားများ ဆုတံဆိပ်နှင့်လွဲချော်
Published 16 August 2017

 

(၂၉)ကြိမ်မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲ၏ မြှားပစ်compound တစ်ဦးချင်းပြိုင်ပွဲများတွင် မြန်မာ ကစားသမားများဆုတံဆိပ်နှင့်လွဲချော်ခဲ့ကြောင်း သိရသည်။မြှားပစ် compound တစ်ဦးချင်းပြိုင်ပွဲများ၌လက်ရွေးစင်ဟောင်းများဖြစ်သော အောင်ငှိမ်းနှင့် ရဲမင်းဆွေတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ဆုတံဆိပ်နှင့် လွဲချော်သွားခဲ့ခြင်းဖြစ်သည်။

 မြန်မာမြှားပစ် အဖွဲ့မှအမျိုးသားတစ်ဦးချင်း compoundပြိုင်ပွဲ၌ ရဲမင်းဆွေ၊ရှိန်းထက်ကျော်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီးတစ်ဦးချင်း compoundပြိုင်ပွဲတွင် အောင်ငှိမ်းနှင့် စုစုလှိုင်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

စုစုလှိုင်၊ရဲမင်းဆွေနှင့် ရှိန်းထက်ကျော်တို့မှာ ပထမအဆင့်တွင် ထွက်ခဲ့ရခြင်းဖြစ်ပြီး အောင်ငှိမ်းမှာ ကွာတားဖိုင်နယ်အဆင့်တွင် ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent