သြဂုတ် ၁၄ ရက်က ကျင်းပခဲ့သည့် စင် ကာပူအသင်းနှင့် အုပ်စုပထမပွဲတွင် နှစ်ဂိုး သွင်းယူနိုင်ခဲ့သည့် မြန်မာ ယူ-၂၂ အသင်း တိုက်စစ်မှူး အောင်သူသည် အာဆီယံ၌ ကျင်းပနေသည့်ပြိုင်ပွဲအားလုံးတွင် ဂိုးသွင်းယူ နိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရ သည်။ လက်ရှိတွင် အာဆီယံဘောလုံးအဖွဲ့ ချုပ် (AFF) လက်အောက်တွင် ယူ-၁၆ ပြိုင်ပွဲ (ယခု ယူ-၁၅ ပြိုင်ပွဲ)၊ ယူ-၁၉ ပြိုင်ပွဲ (ယခု ယူ-၁၈ ပြိုင်ပွဲ)၊ ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတို့ ကျင်းပလျက်ရှိသည်။
အောင်သူသည် ၂၀၁၁ ခုနှစ်မှစ၍ မြန်မာ ယူ-၁၆ အသင်းတွင် ပါဝင်ခွင့်ရခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ယူ-၁၉ အသင်း၊ ၂၀၁၅ ခုနှစ် တွင် မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ ရသည်။ အောင်သူသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ပွဲဦးထွက်ပွဲမှာပင် နှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ အောင်သူသည် ၂၀၁၁ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲတွင် နှစ်ဂိုး၊ ၂၀၁၃ အာဆီ ယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ နှစ်ဂိုး၊ ၂၀၁၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် နှစ် ဂိုး၊ ၂၀၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် သုံးဂိုး သွင်းယူနိုင်ခဲ့သည်။ ယင်းပြိုင်ပွဲများ အနက် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ တွင် နှစ်ကြိမ်ယှဉ်ပြိုင်ခဲ့ဖူးပြီး လက်ရွေးစင် အဆင့်ပြိုင်ပွဲဖြစ်သည့် ဆူဇူကီးဖလားပြိုင်ပွဲ တွင်မူ ၂၀၁၆ ခုနှစ်မှသာ ပထမဆုံးယှဉ်ပြိုင် ဖူးခြင်းဖြစ်ပြီး လက်ရှိတွင် အသက် ၂၁ နှစ် သာရှိသောကြောင့် လက်ရွေးစင်အသင်းတွင် အနည်းဆုံး ၁၀ နှစ်နီးပါး ပါဝင်ကစားနိုင်မည် ဖြစ်သည်။
အောင်သူသည် ယခုဆီးဂိမ်းစ် ပြိုင်ပွဲ၏ စောင့်ကြည့်ရမည့်ကစားသမား စာရင်းတွင် ပါဝင်နေသူဖြစ်ပြီး ပထမပွဲမှာပင် နှစ်ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် သွင်းဂိုး အများဆုံးဖြစ်လာရန်ပါ ရေပန်းစားလျက်ရှိ သည်။ အောင်သူသည် အာဆီယံအဆင့်ပြိုင်ပွဲ များအပြင် အာရှ ယူ-၁၆ ခြေစစ်ပွဲ၊ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာရှ ယူ-၂၃ ခြေစစ်ပွဲ၊ အာရှဖလား ခြေစစ်ပွဲနှင့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင်လည်း ဝင်ရောက် ယှဉ်ပြိုင်ဖူးကြောင်း သိရသည်။ အောင်သူ သည် အာဆီယံလူငယ်အကောင်းဆုံးဆုကို နှစ်ကြိမ်ဆက်တိုက်ရရှိထားသူဖြစ်သည်။