မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပနေသည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြားပစ်ကစားသမားများသည် လေ့ကျင့်ရေးအစီအစဉ်များပြုလုပ်ရာတွင် အခက်အခဲများ ရင်ဆိုင်နေရကြောင်းသိရသည်။
မလေးရှားနိုင်ငံ၏ ရာသီဥတုမှာ မိုးရွာသွန်းခြင်း ပုံမှန်မရှိသည့်အနေအထားကြောင့် မြန်မာမြားပစ်ကစားသမားများနှင့် အခြားကစားသမားများမှာ လေ့ကျင့်ရာတွင် အခက်တွေ့နေကြခြင်းဖြစ်သည်။ သြဂုတ်(၁၄)ရက်နှင့် (၁၅)ရက်(ယနေ့)လေ့ကျင့်မှုများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်နိုင်သည့် အနေအထား ရှိသောကြောင့် လေ့ကျင့်မှုရပ်နားရခြင်းများ ရှိကြောင်းသိရသည်။