Photo - ap
မလေးရှားအစိုးရသည် ဆီးဂိမ်းစ်ပြိုင်ပွဲကာလအတွင်း မှုခင်းဖြစ်ရပ်များ မဖြစ်ပွားစေရန် လုံခြုံရေးအထူးတင်းကျပ်ထားပြီး ကွာလာလမ်ပူမြို့အတွင်း လုံခြုံရေးများ ၂၄ နာရီပတ်လုံး တာဝန်ချထားကြောင်း သိရသည်။ ပြိုင်ပွဲကျင်းပမည့်နေရာအားလုံးတွင် လုံခြုံရေးတင်းကျပ် ထားပြီး လုံခြုံရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပွားစေရန် ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် သြဂုတ်(၁၉)ရက်တွင် ဘူကစ်ဂျာလီအမျိုးသားအားကစား ကွင်း၌ကျင်းပမည့် ဖွင့်ပွဲအခမ်းအနားအတွက် ခန့်မှန်းခြေ လုံခြုံရေးအင်အား ၈၀၀၀ ခန့်အထိ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ လုံခြုံရေးတင်းကျပ်ထားသည့်အခြေအနေနှင့် ပတ်သက် ၍ မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသူ မြန်မာအလုပ်သမား ကိုသူရက “ကျွန်တော်က တရားဝင်ဗီဇာနဲ့ အလုပ်လုပ်နေတာပါ။ ဒါပေမဲ့ မြို့ထဲဘက်မှာ အော်ပရာစီ (စီမံချက်ဖြင့်ရှာဖွေ ခြင်း) တွေ ဆက်တိုက်ရှိနေလို့ အဲဒီဘက်တွေသွားဖို့ဆို စဉ်းစားနေရတယ်” ဟုပြောကြားသည်။