■ မြန်မာ နှင့် စင်ကာပူ
ကစားမည့်အချိန် - မွန်းလွဲ ၂း၃၀ နာရီ
ကစားမည့်ကွင်း - ဆီလာယန်
ပြသမည့်ရုပ်သံလိုင်း - MRTV
မြန်မာအသင်းအတွက် ဆီမီးဖိုင်နယ်တက်ရောက်ဖို့ အရေးပါတဲ့ပွဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အာရှယူ-၂၃ ခြေစစ်ပွဲမှာ အနိုင်ရခဲ့ပေမယ့် မြန်မာအသင်းအနေနဲ့ ပေါ့ဆလို့မရပါဘူး။ စင်ကာပူအသင်းကလည်း အနိုင်ရဖို့ ပြင်ဆင်လာမှာဖြစ်ပြီး အာရှယူ-၂၃ခြေစစ်ပွဲအတိုင်း ကစားနိုင်ဖို့လိုပါတယ်။ မြန်မာအသင်းရဲ့လူစာရင်းဟာ စင်ကာပူအသင်းထက် သာပါတယ်။ မြန်မာအသင်းမှာ အဓိကကစားသမားတွေ ပါလာမှာဖြစ်ပြီး အောင်သူနဲ့ အောင်ကောင်းမာန် တိုက်စစ်အတွဲကို ပွဲစကတည်းကအသုံးပြုရင် ဂိုးရဖို့ မခက်ခဲနိုင်ပါဘူး ခံစစ်ပိုင်းကတော့ ဂိုးမပေးရဖို့ တည်ငြိမ်မှုရှိဖို့လိုပါတယ်။ မြန်မာအသင်းမှာ တိုက်စစ်မှူးတွေအပြင် ကွင်းလယ်နဲ့ ခံစစ်ကစားသမားတွေကလည်း ဂိုးသွင်းနိုင်ခြေရှိတာကြောင့် စင်ကာပူအသင်းကို အနိုင်ကစားသွားမှာပါ။
■ မလေးရှား နှင့် ဘရူနိုင်း
ကစားမည့်အချိန် - ည ရး၁၅ နာရီ
ကစားမည့်ကွင်း - ရှာအလမ်
ဘရူနိုင်းအသင်း ခြေစွမ်းတက်လာတာမှန်ပေမယ့် အိမ်ရှင် မလေးရှားအသင်းကိုတော့ ယှဉ်ကစားနိုင်ဖို့ မလွယ်ပါဘူး။ အိမ်ရှင် မလေးရှားအသင်း အဖွင့်ပွဲဖြစ်တာကြောင့် ရုန်းကန်ရနိုင်ပေမယ့် အမှတ်ပြည့်ယူသွားပါလိမ့်မယ်။