■ နောက်ဆုံးမိနစ်ဂိုးနဲ့ ဂျူဗင်တပ်စ်ကို အနိုင်ယူပြီး အီတလီစူပါဖလားရယူခဲ့တဲ့ လာဇီယို

■ နောက်ဆုံးမိနစ်ဂိုးနဲ့ ဂျူဗင်တပ်စ်ကို အနိုင်ယူပြီး အီတလီစူပါဖလားရယူခဲ့တဲ့ လာဇီယို
Published 14 August 2017

ဆုဖလားနှင့်အတူအောင်ပွဲခံနေသည့် လာဇီယိုအသင်း(Photo:AFP)

 

ခံစစ်ပြဿနာကို မပြင်ဆင်နိုင်ဘူးဆို ရင် ဂျူဗင်တပ်စ်ရဲ့ ရာသီသစ်မျှော်လင့်ချက် ဟာ ယိမ်းယိုင်သွားနိုင်ပါတယ်။
အခုပွဲမှာ လည်း ဘာဇာဂလီ၊ ဘီနာတီယာ၊ ချီလီနီတို့ရဲ့ (၃)ယောက်တန်းခံစစ်က ဟာကွက်တွေများ ခဲ့တယ်။
ချီလီနီက Foul play တွေနဲ့ အမှားများနေခဲ့လို့ အီမိုဘီလီဦးဆောင် တဲ့ လာဇီယိုတိုက်စစ်ကိုပထမပိုင်းမှာ
အခွင့်အရေးများစွာ ပေးခဲ့ရတာပါပဲ။ ဂျူဗင်တပ်စ်ရဲ့ တိုက်စစ်ကစားပုံကတော့ အပြစ်ပြောစရာ သိပ်မရှိခဲ့ပါဘူး။

ဆန်ဒရို၊ ကွာဒရာဒိုတို့ရဲ့ တောင်ပံတိုက်စစ်တွေကို အားပြုခဲ့ပြီး ပွဲအစ ပိုင်းမှာ ဆန်ဒရိုရဲ့ ဖြတ်တင်ဘောကနေ
ကွာဒရာဒို ပိတ်သွင်းခွင့်ရပေမယ့် လာဇီယိုဂိုးသမား စထရာကိုရှာ ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ကြာလာချိန်မှာ
လူးကပ်စ်ဦးဆောင်တဲ့ လာဇီ ယိုကွင်းလယ်က ဂျူဗင်တပ်စ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး (၃၂)မိနစ်မှာ အဖွင့်ဂိုးရခဲ့ပါတယ်။
ဂျူဗင်တပ်စ်ဂိုးသမား ဘူဖွန်ကို ကျော်ဖြတ်ပြီး လာဇီ ယိုတိုက်စစ်မှူး အီမိုဘီလီ ဂိုးသွင်းယူဖို့ကြိုး စားနေချိန်မှာ
ကွာဒရာဒို ဆွဲလဲှခဲ့လို့ ပယ်နယ် တီပေးခဲ့ရပြီး ဒီပယ်နယ်တီကို အီမိုဘီလီက အမှားမရှိကန်သွင်းယူခဲ့တာပါပဲ။
အဲဒီနောက် မှာလည်း လာဇီယိုဘက်က ဘာစတာနဲ့ လူးကပ်စ်တို့ရဲ့ ကန်သွင်းမှုတွေကို ဂျူဗင်တပ်စ် ဂိုးသမားဘူဖွန်ကာကွယ်နိုင်ခဲ့ပေမယ့် (၅၃)မိ နစ်မှာ ဒုတိယဂိုးပေးလိုက်ရပါတယ်။ ဒီဂိုးကို လည်း
အီမိုဘီလီကပဲ သွင်းယူပေးခဲ့တာပါ။ ဂိုးပြန်ရဖို့ ဂျူဗင်တပ်စ်ရုန်းကန်နေပေမယ့်သိပ် မထူးခြားလာခဲ့ဘူး။

ဒေါက်ဂလပ်စ်ကော်စတာ၊ ဘီနာဒက်ခီ၊ ဒီချီဂလီယိုစတဲ့ ကစားသမားသစ် (၃)ဦးကို ဒုတိယပိုင်းမှာ
ဂျူဗင်တပ်စ်အစားထိုး ခဲ့တယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်ကို မျှော်လင့်ချက် ပြန်လည်တောက်ပစေတာက
လက်ရှိရာသီ မှာ နာမည်ကျော်ကျောနံပါတ် (၁၀)ကိုဝတ် ဆင်ခွင့်ရတဲ့ ဒီဘားလားပါပဲ။ ဒီဘားလားက
(၈၅)မိနစ်မှာ ဖရီးကစ်နဲ့ (၉၁)မိနစ်မှာ ပယ်နယ်တီတွေကနေ ဂျူဗင်တပ်စ်အတွက် ချေပဂိုးတွေ
သွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက် ဆုံးမိနစ်မှာ မာဂျီယာက ဂျော်ဒန်လူကာကူရဲ့ပေးပို့ မှုကို
အနီးကပ်ပိတ်သွင်းပြီး လာဇီယိုအတွက် အီတလီစူပါဖလား ရယူပေးခဲ့ကာ ဂျူဗင်တပ်စ်ရဲ့
လွှမ်းမိုးမှုကို ရပ်တန့်ခဲ့ပါတယ်။

လာဇီယိုအတွက် (၂)ဂိုးသွင်းယူခဲ့သည့် အီမိုဘီလီ

ပယ်နယ်တီမှတစ်ဆင့် ဂိုးသွင်းနေသည့် ဒီဘားလား

လာဇီယိုအသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့သည့် မာဂျီယာ(ဝဲ)

Most Read

Most Recent