ရီးယဲလ်မက်ဒရစ်အသင်းသည် ကွင်းလယ်လူ အစ္စကိုကို သက်တမ်းတိုးခဲ့ပြီး ယူရိုသန်း(၇၀၀) (ပေါင် သန်း ၆၄၀)တန် စာချုပ်လျော်ကြေး ထည့်သွင်းခဲ့ကြောင်း သိရသည်။
အစ္စကို၏ စာချုပ်သက်တမ်းမှာ (၄)နှစ်ဖြစ်ပြီး ရီးယဲလ်အသင်းအနေဖြင့် တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။
စပိန်နိုင်ငံ၏ ဥပဒေအရ ကစားသမားများ၏ စာချုပ်တွင် လျော်ကြေး ထည့်သွင်းရလေ့ရှိပြီး ယခုနွေရာသီ အပြောင်းအရွှေ့တွင် PSG အသင်းက ဘာစီလိုနာအသင်းမှ တိုက်စစ်မှူး နေမာ၏ စာချုပ်လျော်ကြေး ပေါင်သန်း (၂၀၀)ကို ပေးချေကာ ခေါ်ယူခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းမှာ ဘာစီလိုနာအသင်းကဲ့သို့ ကြယ်ပွင့်ကစားသမားများကို မဆုံးရှုံးရစေရန် မြင့်မားသည့် စာချုပ်လျော်ကြေးများ ထည့်သွင်းချုပ်ဆိုထားပြီး အစ္စကိုကိုလည်း ယူရိုသန်း(၇၀၀)တန် စာချုပ်လျော်ကြေး ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
အစ္စကို၏ မူလစာချုပ်မှာ သက်တမ်း(၁၂)သာ ကျန်ရှိတော့ပြီး ပရီးမီးယားလိဂ် ထိပ်သီးအသင်းများက စိတ်ဝင်စားလာ၍ ရီးယဲလ်အသင်းက သက်တမ်းတိုးမြှင့်ခဲ့ခြင်းလည်းဖြစ်သည်။