■ နန့်စ် နှင့် မာဆေးလ်(၁၂-၈-၂၀၁၇ ည ၉း၃၀ နာရီ)
မာဆေးလ်တိုက်စစ်ကစားပုံ တိုးတက်လာပေမယ့် အ ဝေးကွင်းကစားပုံကို စောင့်ကြည့်ရဦးမယ်။ အစဉ်အလာအရ နန့်စ်က အိမ်ကွင်းမှာ မာဆေးလ်ကို အသာရလေ့ရှိလို့လည်း မာဆေးလ် အလွန်ဆုံးကပ်နိုင်ရုံပါပဲ။
■ အာမီယန်စ် နှင့် အန်ဂါစ်(၁၃-၈-၂၀၁၇ နံနက် ၀၀း၃၀ နာရီ)
ရာသီကြိုကာလမှာ အန်ဂါစ်တိုက်စစ် ဂိုးတွေရနေပါတယ်။ နောက်ဆုံး(၃)ပွဲဆက် အနည်းဆုံး (၂)ဂိုးသွင်းထားနိုင်ပြီး ဒီစွမ်းဆောင်ရည်ကို ခံစစ်ပြဿနာရှိ
နေတဲ့ အာမီယန်စ် ထိန်းနိုင်ဖို့ မလွယ်ပါဘူး။ အန်ဂါစ် အမှတ်ရမယ်။
■ ဘော်ဒိုး နှင့် မက်ဇ်(၁၃-၈-၂၀၁၇ နံနက် ၀၀း၃၀ နာရီ)
ဘော်ဒိုးရဲ့ တောင်ပံတိုက်စစ်ကစားပုံကောင်းမွန်ပြီး အဲ ဒီကနေရလာတဲ့အခွင့်အရေးတွေကို အသုံးချနိုင်မယ့်ကစားသမားလည်း များတယ်။ ရာသီကြိုကာလမှာ အဝေးကွင်းရလဒ်တွေကောင်းခဲ့ပေမယ့် ဒီပွဲမှာ မက်ဇ် ရှုံးဖို့များတယ်။
■ ကိန်း နှင့် စိန့်အက်တီယန်(၁၃-၈-၂၀၁၇ နံနက် ၀၀း၃၀ နာရီ)
စိန့်အက်တီယန်ရဲ့ အဝေးကွင်းခြေစွမ်းကို သတိထားစောင့်ကြည့်ရပါဦးမယ်။ ပြီးတော့ကိန်းနဲ့ နောက်ဆုံး(၆)ကြိမ် တွေ့ဆုံမှုမှာ စိန့်အက်တီယန် (၂)ပွဲပဲ
နိုင်ထားတယ်။ ဂိုးနည်ပြီး သရေကျနိုင်တယ်။
■ တူးလူး နှင့် မောင့်ပယ်လီယာ(၁၃-၈-၂၀၁၇ နံနက် ၀၀း၃၀ နာရီ)
မောင့်ပယ်လီယာက အဝေးကွင်းကစားပုံအားနည်းတဲ့ အသင်းတွေထဲ ပါဝင်တယ်။ တူးလူးက မိုနာကိုçကို အပြန်အလှန်ကစားနိုင်ခဲ့ပြီး အိမ်ကွင်းမာကျောတဲ့အသင်းတွေထဲ ပါဝင်တယ်။ တူးလူး အနိုင်ရဖို့များပါတယ်။