ဂျာမန်ဖလား ပထမအဆင့် ပွဲကြိုသုံးသပ်ချက်

ဂျာမန်ဖလား ပထမအဆင့် ပွဲကြိုသုံးသပ်ချက်
Published 12 August 2017

ဘိုင်ယန်မြူးနစ်အသင်းသားများ(Photo:AFP)

■ ချမ်နစ်ဇာ နှင့် ဘိုင်ယန်မြူးနစ်(၁၂-၈-၂၀၁၇ ည ၈ နာရီ)
ချမ်နစ်ဇာအသင်းက ဂျာမန်တတိယတန်းမှာတောင် အလယ်အလတ်အဆင့်ရှိပါတယ်။ ဘိုင်ယန်မြူးနစ်အနေနဲ့ ဂျာမန်ဖလားကို အာရုံစိုက်၊ မစိုက်ပေါ်မှာပဲ မူတည်နေတယ်။ ဘိုင်ယန်အသင်း လူစုံထုတ်ဖို့တော့ လမ်းမမြင်ဘူး။ ချမ်နစ်ဇာနဲ့ပဲ စွန့်စားသင့်တယ်။

■ အာလန်း နှင့် ဒေါ့မွန်(၁၂-၈-၂၀၁၇ ည ၈ နာရီ)
အာလန်းအသင်းက ဂျာမန်လိဂ်အဆင့်အတန်းမှာ အပျော်တမ်းသာသာလောက်ပဲရှိပါတယ်။ ဒေါ့မွန်အနေနဲ့ လက်ရှိချန်ပီယံဆိုတဲ့ ဂုဏ်သိက္ခာကို ကာ
ကွယ်ရမှာဖြစ်တဲ့အပြင် အခုဖလားက အဖြစ်နိုင်ဆုံးမျှော်လင့်ချက်လည်းဖြစ်နေတယ်။ ဒေါ့မွန် ဂိုးပြတ်မှာပါ။

■ ရော့ဝိုက်အာဖတ် နှင့် ဟော်ဖန်ဟင်မ်(၁၂-၈-၂၀၁၇ ည ၁၁ နာရီ)
အခုပွဲပြီးရင် လီဗာပူးလ်နဲ့ချန်ပီယံလိဂ်ခြေစစ်ပွဲတွေကစာ ရမယ့် ဟော်ဖန်ဟင်မ်အသင်း ဂျာမန်ဖလားကို အားထည့်ကစားမယ်မထင်ဘူး။ အဆင့်ချင်းကွာပ မယ့် ရော့ဝိုက်အာဖတ်မှာ အိမ်ရှင်အခွင့်အရေးရှိနေတာ ထည့်တွက်ရမယ်။ အာဖတ်ဘက်ကပဲ ရပ်တည်သင့်တယ်။

အခြားပွဲစဉ်များ

ဟယ်ဘာစတက်ဒ် - ဖရိုင်းဘတ်(၁၂-၈-၂၀၁၇ ည ၈ နာရီ)
LSKဟန်ဆာ - မိန့်ဇ်(၁၂-၈-၂၀၁၇ ည ၈ နာရီ)
လေဟာ - ကိုလုံး(၁၂-၈-၂၀၁၇ ည ၈ နာရီ)
အွန်တာဟာဟင် - ဟိုင်ဒန်ဟင်မ်(၁၂-၈-၂၀၁၇ ည ၈ နာရီ)
အန်းဘရွတ်ခ် - ဖရန့်ဖတ်(၁၂-၈-၂၀၁၇ ည ၈ နာရီ)
အိုင်ဟီဒယ် - ကိုင်ဇာစလော့တန်(၁၂-၈-၂၀၁၇ ည ၈ နာရီ)
ရေဂျန်စဘတ် - ဒမ်းစတက်ဒ်(၁၂-၈-၂၀၁၇ ည ၁၁ နာရီ)
အာမီးနီးယား - ဒူဆယ်ဒေါ့ဖ်(၁၂-၈-၂၀၁၇ ည ၁၁ နာရီ)

Most Read

Most Recent