ဘာစီလိုနာအသင်းက ခေါ်ယူရန်ကြိုး ပမ်းနေသည့် လီဗာပူးလ်ကွင်းလယ်လူ ကော်တင်ဟိုသည် အသင်းပြောင်းရွှေ့ခွင့်ပြုရန် လီဗာပူးလ်အသင်းထံ တောင်းဆိုခဲ့ကြောင်းသိရသည်။ လီဗာပူးလ်အသင်းကို ပိုင်ဆိုင်သည့် အမေရိကန်အခြေစိုက် Fenway Sports Group(FSG) က ကော်တင်ဟိုအား မည်သည့်ပြောင်းရွှေ့ကြေး ရရှိသည်ဖြစ်စေ ရောင်းချမည်မဟုတ်ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအကြာမှာပင် ကော် တင်ဟိုက အသင်းမှ ထွက်ခွာခွင့်ပြုရန် အီမေးလ်မှတစ်ဆင့် စာရေးသား တောင်းဆို ခဲ့ခြင်းဖြစ်သည်။
ကော်တင်ဟို (၂၅ နှစ်) အား ဘာစီလိုနာအသင်းက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးယူရိုသန်း ၁၀၀ (ပေါင် ၉၀ ဒသမ ၃ သန်း) ဖြင့် ကမ်းလှမ်းခဲ့ပြီး လီဗာပူးလ် အသင်းက ပယ်ချခဲ့သော်လည်း ယခုအခါ ကော်တင်ဟိုမှာ အသင်းပြောင်းရွှေ့ခွင့်ပြုရန် တောင်းဆိုခဲ့ခြင်းကြောင့် ဘာစီလိုနာအသင်းသို့ရောက်ရှိရန် နီးစပ်နေပြီဆိုသော သတင်း များပိုမိုကျယ်ပြန့်စွာ ထွက်ပေါ်လျက်ရှိနေသည်။ လက်ရှိအချိန်တွင် ကော်တင်ဟိုသည် နောက်ကျောဒဏ်ရာကြောင့် အနားယူနေရ ပြီး ဝက်ဖို့ဒ်အသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်ရာသီအဖွင့် ပွဲကို လွဲချော်မည်ဖြစ်သလို ဟော်ဖန်ဟင်မ်နှင့်ကစားရန်ရှိနေသည့် ချန်ပီယံလိဂ် Play off အဆင့် ခြေစစ်ပွဲ ပထမအကျော့ကိုလည်း လွဲချော်ဖွယ်ရှိကြောင်းသိရသည်။
REF:Daily Mail