ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများအား နေပြည်တော်နှင့် ရန်ကုန်မြို့တွင် တရားစွဲဆိုထားသည့် အမှုပေါင်း ၂၃ မှုမှ စစ်ဆေးရန် တရားလိုပြ သက်သေ ၄၀၃ ဦးရှိပြီး ၁၃၆ ဦးအား စစ်ဆေးထား

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများအား နေပြည်တော်နှင့် ရန်ကုန်မြို့တွင် တရားစွဲဆိုထားသည့် အမှုပေါင်း ၂၃ မှုမှ စစ်ဆေးရန် တရားလိုပြ သက်သေ ၄၀၃ ဦးရှိပြီး ၁၃၆ ဦးအား စစ်ဆေးထား
Published 6 July 2018

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများအား နေပြည်တော်နှင့် ရန်ကုန်မြို့တွင် တရားစွဲဆိုထားသည့် အမှုပေါင်း ၂၃ မှုမှ စစ်ဆေးရန် တရားလိုပြသက်သေ ၄၀၃ ဦးရှိပြီး လက်ရှိတွင် ၁၃၆ ဦးအား စစ်ဆေးထားကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများအား နေပြည်တော်တွင် တရားစွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ၁၀ မှုမှ တရားလိုပြ သက်သေ ၁၄၂ ဦးမှ ၄၉ ဦး စစ်ဆေးထားပြီး ရာဇဝတ် အထွေထွေအမှုဖြစ်သည့် တရားခံပြေးအမှု နှစ်မှုမှ တရားလိုပြသက်သေ ၄၅ ဦးမှ ၁၃ ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့တွင် တရားစွဲဆိုထားသည့် ရာဇသတ်ကြီး ပုဒ်မ ခုနစ်မှုမှ တရားလိုပြသက်သေ ၁၃၆ ဦးနှင့် ရာဇဝတ် အထွေထွေအမှုဖြစ်သည့် တရားခံပြေး လေးမှုမှ တရားလိုပြသက်သေ ၈၀ ရှိသော်လည်း တရားလိုပြသက်သေ ၂၁၆ ဦးအား စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရန်ကုန်မြို့တွင် တရားစွဲဆိုထားသည့် ဖြိုးကိုကိုတင့်ဆန်း အမှုနှင့် ပါဝင် ပတ်သက်သူများ၏ အမှုများအား နေပြည်တော်တွင် တစ်ပေါင်းတည်း စစ်ဆေးရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အမိန့်ချမှတ်ခဲ့ပြီး လက်ရှိတွင် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးသို့ အမှုတွဲ လွှဲပြောင်းထားသော်လည်း တရားခံများအား လွှဲပြောင်းနိုင်ခြင်း မရှိသေးသည့်အတွက် ရန်ကုန်မြို့တွင် တရားစွဲဆိုထားသည့်အမှုများမှ တရားလိုပြ သက်သေများအား စစ်ဆေးနိုင်ခြင်း မရှိကြောင်း ဒက္ခိဏခရိုင်တရားရုံးမှ သိရသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်ပတ်သက်သူများအား ဇူလိုင် ၄ ရက်က ရုံးထုတ်ရာတွင် နေပြည်တော်၌ တရားစွဲဆိုထားသည့် အမှုများမှ တရားလိုပြ သက်သေများဖြစ်သည့် အုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်၊ ဦးဝင်းအောင်နှင့် ရဲတပ်ကြပ်ကြီး မြင့်ဇော်တို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent