ပဲခူးမြို့တွင် လူနှစ်ဦးက သံဃာတစ်ပါးထံမှ ငွေကျပ်ရှစ်သောင်း လုယူပြီး သံဃာတော်အား သတ်သွား

ပဲခူးမြို့တွင် လူနှစ်ဦးက သံဃာတစ်ပါးထံမှ ငွေကျပ်ရှစ်သောင်း လုယူပြီး သံဃာတော်အား သတ်သွား
Published 14 May 2018

ပဲခူးမြို့ ရပ်ကွက်ကြီး (၈) မြေတိုင်း (၂၈/B) ရွှေမြင့်မိုရ်ဦးကျောင်းတွင် မေ ၁၂ ရက် ည ၁၁ နာရီခန့်က သံဃာတော်တစ်ပါးထံက ငွေကျပ်ရှစ်သောင်းခန့်ကို လူနှစ်ဦးကလု၍ သံဃာတော်အားသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးမြို့ ဥသာမြို့သစ်ရပ်ကွက်ကြီး (၈) ရွှေမြင့်မိုရ်ဦး ဘုန်းကြီးကျောင်းတွင် မေ ၁၂ ရက် ည ၁၁ နာရီခန့်က သီတင်းသုံးနေသော သံဃာတော်အရှင် ဦးဝိမလ လူအမည် ဦးမိုးကျော်ဆိုသူအား ငထိုက် (ခ) ဝင်းထိုက်နှင့် ပဲပြား (ခ) ဝင်းကျော်သူ (၁၆ နှစ်) (အဘနေရပ်စုံစမ်းဆဲ) ပဲခူးမြို့နေသူတို့ ရောက်လာပြီး “ဘုန်းကြီးအထိုးမခံချင်ရင် ပိုက်ဆံပေး” ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပြီး ငွေစက္ကူရောရာ ကျပ်ရှစ်သောင်းအားလုယူ၍ သတ်ပြီး ထွက်ပြေးသွားကြောင်း အတူနေ ဦးဝိစက္ကဏက အမှတ် (၃) ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သည်။

သတင်းပေးတိုင်တန်းချက်အရ ပဲခူးမြို့ ဒုမြို့နယ်ရဲမှူး ခိုင်သန်းနှင့်အဖွဲ့ သွားရောက်စစ်ရာ သံဃာတော်ဦးဝိမလမှာ တစောင်းအနေအထားဖြင့် ဝဲမျက်ခုံးဖူးရောင်ပေါက်ပြဲ၊ နှာခေါင်းဖူးရောင်၊ ယာခြေသလုံး ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့သည်။

Most Read

Most Recent