သာစည်မြို့နယ်တွင် ခရီးသည်ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး၏ ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄၀၀ ဖမ်းဆီးရမိ

သာစည်မြို့နယ်တွင် ခရီးသည်ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး၏ ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄၀၀ ဖမ်းဆီးရမိ
Published 11 May 2018

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ခရီးသည်ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး၏ ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄၀၀ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မူးယစ်တပ်ဖွဲ့စု-၁၈နှင့် မြို့နယ်ရဲစခန်း (သာစည်) မှ တာဝန်ရှိသူများသည် မေ ၉ ရက် နံနက်အစောပိုင်း ၁၂ နာရီ ၁၀ မိနစ်အချိန်က မူးယစ်သတင်းအရ သက်သေများနှင့်အတူ သာစည်မြို့နယ် ကျွဲတပ်ဆုံ တိုးဂိတ်အနီးတွင် ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် လွိုင်ကော်ဘက်မှ သာစည်ဘက်သို့ မောင်းနှင်လာသည့် YGN 5C/---- ခရီးသည်တင်မှန်လုံ ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ခုံအမှတ် ၄၁ တွင် လိုက်ပါလာသည့် အသက် ၅၆ နှစ်အရွယ်ရှိသည့် ဒေါ်နန်းဟွမ်(ခ)ဒေါ်မွှေး (တောင်သူ) ပင်လောင်းမြို့နယ်နေသူ၏ ပေါင်ပေါ်တွင် တင်ထားသောဆွဲခြင်းအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄၀၀၊ တန်ဖိုးကျပ် ၇၀၂ သိန်းခန့်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

မြို့မရဲစခန်း (သာစည်) မှ ဒေါ်နန်းဟွမ် (ခ) ဒေါ်မွှေးအား မယ(ပ)၆/၂၀၁၈ မူး/ စိတ် ပုဒ်မ ၁၉(က)အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

Most Read

Most Recent