မဟာအောင်မြေမြို့နယ်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးတစ်ဦးအားတိုက်ပြီး တိမ်းရှောင်နေသည့် ပြိုင်ကားမောင်းနှင်သူအား ဖခင်ဖြစ်သူက လာရောက်အပ်နှံ

မဟာအောင်မြေမြို့နယ်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးတစ်ဦးအားတိုက်ပြီး တိမ်းရှောင်နေသည့် ပြိုင်ကားမောင်းနှင်သူအား ဖခင်ဖြစ်သူက လာရောက်အပ်နှံ
Published 29 July 2017

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် ဇူလိုင် ၂၃ ရက်က ဖြစ်ပွားခဲ့သည့် ပြိုင်ကားတစ်စီးက ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးတစ်ဦးအားတိုက်ပြီး တိမ်းရှောင်နေသူကို ဖခင်ဖြစ်သူက ရဲစခန်းသို့လာရောက် အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

ပြိုင်ကားမောင်းနှင်သည့် မသင်္ကာ တရားခံအောင်ကျော်ဦး (ခ) အေးကျော်ခိုင် (၂၅ နှစ်) အား ဖခင်ဖြစ်သူက ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီခန့်က လာရောက်အပ်နှံခဲ့ခြင်း ဖြစ်သည်။

မသင်္ကာတရားခံ အောင်ကျော်ဦး (ခ)အေးကျော်ခိုင်အား စစ်ဆေးရာ ၎င်းသည် ဖြစ်ပွားသည့်နေ့က ၄ဂ/၃၈၉၄ ပြိုင်ကား အနီရောင်ယာဉ်အား တစ်ဦးတည်း မောင်းနှင်ခဲ့ကြောင်း၊ ၆၄ လမ်းအရောက်၌ ယာဉ်အား ၆၄ လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာခဲ့စဉ် ၄၁ လမ်းဆုံအရောက် ဆိုင်ကယ်တစ်စီးအား ဝင်တိုက်မိခဲ့ကြောင်း၊ ထိုသို့ တိုက်မိခဲ့ပြီး ယာဉ်အားမရပ်ဘဲ ၆၄ လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်ခဲ့ကြောင်း၊ ထိုသို့မောင်းနှင်စဉ် မြဝတီမင်းကြီးလမ်းနှင့် လမ်းသွယ် ၅ လမ်းဆုံအနီးအရောက်တွင် ယာဉ်ကိုထားကာ ထွက်ပြေး တိမ်းရှောင်သွားခြင်းဖြစ်ကြောင်း ကနဦးစစ်ချက်အရ သိရပြီး ပြိုင်ကားယာဉ်နှင့်ပတ်သက်ပြီး ကညနရုံး စစ်ချက်အရ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် ဇူလိုင် ၂၃ ရက် ည ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်ခံရသည့် မခိုင်သဇင်စိုးမှာ ရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent