နယ်ခြားစောင့်တပ် အသုံးအဆောင်ပစ္စည်းများဖြင့် အယောင်ဆောင် သုံးစွဲနေသူတစ်ဦးကို စမ်းချောင်းမြို့နယ်တွင် ဖမ်းဆီးရမိ

နယ်ခြားစောင့်တပ် အသုံးအဆောင်ပစ္စည်းများဖြင့် အယောင်ဆောင် သုံးစွဲနေသူတစ်ဦးကို စမ်းချောင်းမြို့နယ်တွင် ဖမ်းဆီးရမိ
Published 8 May 2018

ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

စမ်းချောင်းမြို့နယ် အတွင်း၌ နယ်ခြားစောင့်တပ် အသုံးအဆောင် ပစ္စည်းများဖြင့် အယောင်ဆောင် သုံးစွဲနေသည့်  အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မေ ၇ ရက်တွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စမ်းချောင်းမြို့နယ် မြေနီကုန်း/တောင် ရပ်ကွက် ဒဂုံစင်တာ (၁)ရှေ့တွင် မေ ၆ ရက် ညနေ ၄ နာရီခွဲခန့်က တန^၁ (ကြယ်)---- (တ) နံပါတ်ပါ Toyota Highlander အမျိုးအစားယာဉ် တစ်စီးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက မသင်္ကာသဖြင့် စစ်ဆေးခဲ့ရာ အဆိုပါယာဉ်ကို မောင်းနှင်လာသူမှာ ဦးစိန်မောင်မြင့် (ခ) ဦးစိန်ကုလား (၅၄ နှစ်) ဆိုသူ ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဆက်လက်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်အတွင်း ၌ ဗိုလ်မှူးအဆင့်တံဆိပ် တပ်ဆင်ထားသည့် နယ်ခြားစောင့် ဘက်တံဆိပ်ပါ ယူနီဖောင်းများ၊ စစ်အဝတ်အဆင် တန်ဆာများနှင့် နယ်ခြားစောင့်တပ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ စိစစ်ရေးကတ်များကို တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာတပ်သို့ ဆက်သွယ်၍ မေးမြန်းရာ ၎င်းမှာ ၂၀၁၈ ခုနှစ် ဧပြီ ၇ ရက်မှစ၍ အမှတ်(၁)တပ်နယ် မြိုင်ကြီးငူမှ ထုတ်ပယ်ထားသူဖြစ်ကြောင်း သိရသည်။

ထို့နောက် ဆက်လက်စစ်ဆေးခဲ့ရာ ၎င်းမောင်းနှင်လာသည့် တန/၁ (ကြယ်)---- (တ) နံပါတ်ပါ Toyota Highlander အမျိုးအစားယာဉ်မှာလည်း လိုင်စင်မဲ့ယာဉ် ဖြစ်သည်ကို စိစစ်တွေ့ရှိခဲ့ရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရ သည်။

ယင်းသို့ တွေ့ရှိခဲ့ရသဖြင့် ဦးစိန်မောင်မြင့် (ခ) ဦးစိန်ကုလားအား စမ်းချောင်းမြို့မ ရဲစခန်းက (ပ)၁၅၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၁၄၀ (စစ်ဝတ်တန်ဆာ/စစ်အမှတ်အသား ကိုင်ဆောင်မှု) ဖြင့်လည်းကောင်း၊ (ပ)၁၅၈/၂၀၁၈၊ ပို့/သွင်း ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း အမှုဖွင့်ကာ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent