အိန္ဒိယတွင် အပူချိန်မြင့်တက်နေသဖြင့် စာသင်ကျောင်းများတွင် ရေသောက်ချိန်ခေါင်းလောင်းတီးရန် ညွှန်ကြားထား

အိန္ဒိယတွင် အပူချိန်မြင့်တက်နေသဖြင့် စာသင်ကျောင်းများတွင် ရေသောက်ချိန်ခေါင်းလောင်းတီးရန် ညွှန်ကြားထား
Published 22 April 2026
Ref:AFP

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ရှိ စာသင်ကျောင်းများတွင် အပူလှိုင်းဒဏ်ကို ရင်ဆိုင်ရန် ပြင်ဆင်နေချိန်၌ ကျောင်းသားများအား ရေသောက်ရန် သတိပေးသည့်အနေဖြင့် အချိန်မှန် ခေါင်းလောင်းတီးပေးရမည်ဖြစ်ကြောင်း အာဏာပိုင်များက ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါရေသောက်ချိန်ခေါင်းလောင်းတီးသည့် စနစ်အရ ၄၅ မိနစ် သို့မဟုတ် မိနစ် ၆၀ လျှင် တစ်ကြိမ်စီ ကျောင်းသားများကို ရေသောက်ရန်သတိပေးသည့်အနေဖြင့် ခေါင်းလောင်းတီးပေးရမည်ဖြစ်သည်။

ကမ္ဘာ့လူဦးရေအများဆုံးဖြစ်သည့် အိန္ဒိယ၏ နွေရာသီအပူချိန်သည် အလွန်ပြင်းထန်နိုင်ပြီး လူသန်းပေါင်းများစွာကို အန္တရာယ်ဖြစ်စေသည်။

အိန္ဒိယတွင် ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အပူရှပ်ခြင်းကြောင့် လူပေါင်း ၁၁၀၀၀ နီးပါး သေဆုံးခဲ့ရကြောင်း အစိုးရ၏ အချက်အလက်များတွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် မေလအတွင်း နယူးဒေလီမြို့၌ ဖြစ်ပွားခဲ့သော အပူလှိုင်းသည် ၂၀၂၂ ခုနှစ်တွင် မှတ်တမ်းတင်ခဲ့သည့် မြို့တော်၏ ယခင်စံချိန်တင် အမြင့်ဆုံးအပူချိန်ဖြစ်သော ၄၉.၂ ဒီဂရီဆဲလ်စီးယပ်စ်နှင့် တူညီခဲ့သည်။

၁၉၀၁ ခုနှစ်တွင် မှတ်တမ်းများ စတင်ကောက်ယူခဲ့ချိန်မှစ၍ ၂၀၂၄ ခုနှစ်သည် အိန္ဒိယနိုင်ငံ၏ အပူဆုံးနှစ်ဖြစ်ခဲ့သည်။ ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် နယူးဒေလီမြို့နှင့် လူဦးရေ သန်း ၃၀ ရှိသော မြို့ပြဧရိယာတစ်ဝိုက်၏ အပူချိန်မှာ အသင့်အတင့်ရှိသည့် ၂၉.၄ ဒီဂရီဆဲလ်စီးယပ်စ်သာ ရှိခဲ့သည်။

Photos-  Hindustan Times/ TOI

Most Read

Most Recent