■ အီရန်စစ်တပ်က ဟော်မုဇ်ရေလက်ကြားကို ပြန်ပိတ်

■ အီရန်စစ်တပ်က ဟော်မုဇ်ရေလက်ကြားကို ပြန်ပိတ်
Published 18 April 2026

အီရန်စစ်တပ်က ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးပြီးနောက် ကုန်သွယ်ရေးသင်္ဘော တစ်ဒါဇင်ကျော် ဖြတ်သန်းသွားလာခဲ့ပြီး နာရီပိုင်းအကြာတွင် အဆိုပါရေလက်ကြားကို ထပ်မံပိတ်ဆို့လိုက်ကြောင်း ကြေညာခဲ့သည်။

ထိုကဲ့သို့ ဟော်မုဇ်ရေလက်ကြားနှင့်ပတ်သက်ပြီး အဖွင့်အပိတ် လုပ်ဆောင်နေမှုများကြောင့် အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြားဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်မည့် ငြိမ်းချမ်းရေးသဘောတူညီချက်သည် အလွန်နီးစပ်နေပြီဆိုသည့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ပြောကြားချက်အပေါ် သံသယများ ထွက်ပေါ်စေခဲ့သည်။

ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည်၏ ငါးပုံတစ်ပုံခန့် သယ်ယူပို့ဆောင်သည့် အဆိုပါ ရေလက်ကြားကို အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲကို ရပ်တန့်ရန် လက်ဘနွန်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက် ဧပြီ ၁၇ ရက်တွင် အီရန်က ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် အီရန်ဆိပ်ကမ်းများကို အမေရိကန်က ဆက်လက် ပိတ်ဆို့ထားသဖြင့် အီရန်ကလည်း ဟော်မုဇ်ရေလက်ကြားကို ပြန်ပိတ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အီရန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

■ Ref:AFP

Most Read

Most Recent