ဝက်စ်ဟမ်း - ဘရန့်ဖို့ဒ် (မတ် ၁၀ ရက်နေ့ နံနက် ၂းဝ၀ နာရီ)
ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်ကလွတ်မြောက်ဖို့ ရုန်းကန်နေရတဲ့ ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီပွဲကို အာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။ ဘရန့်ဖို့ဒ်ကလည်း အဆင့်(၇)နေရာမှာရှိနေတာကြောင့် ဥရောပဝင်ခွင့် မျှော်လင့်ချက်တစ်ဖက် ရှိနေပါတယ်။ အခုနောက်ပိုင်း ဝက်စ်ဟမ်းရဲ့ စွမ်းဆောင်ရည်ကောင်းလာပေမဲ့ ဘရန့်ဖို့ဒ်ကလည်း အမှားအယွင်းနည်းပါတယ်။ အဝေးကွင်းဖြစ်ပေမဲ့ ဘရန့်ဖို့ဒ်ပဲ ရလဒ်ကောင်းနိုင်ပါတယ်။
လာဇီယို - ဆာဆူအိုလို (မတ် ၁၀ ရက်နေ့ နံနက် ၂း၁၅ နာရီ)
လာဇီယိုက ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး ဆာဆူအိုလိုက နောက်ဆုံး(၃)ပွဲဆက် အနိုင်ရထားပါတယ်။ ပထမအကျော့မှာ ဆာဆူအိုလို အနိုင်ရထားသလို၊ လတ်တလောစွမ်းဆောင်ရည်ကလည်း ပိုကောင်းနေပေမဲ့ လာဇီယိုကွင်းမှာတော့ ရုန်းကန်ရလေ့ရှိပါတယ်။ အမှတ်ခွဲယူရမယ့်ပွဲလို့ ထင်ပါတယ်။
အက်စ်ပန်ညို - အိုဗီယေဒို (မတ် ၁၀ ရက်နေ့ နံနက် ၂း၃၀ နာရီ)
အက်စ်ပန်ညိုက ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိနေတဲ့အသင်းဖြစ်ပြီး အိုဗီယေဒိုကတော့ အမှတ်ပေးဇယားအောက်ဆုံးမှာ တန်းဆင်းရဖို့ တာစူနေတဲ့အသင်း ဖြစ်ပါတယ်။ လတ်တလောခြေစွမ်းကတော့ နှစ်သင်းစလုံး စိတ်ပျက်စရာကောင်းနေပါတယ်။ နောက်ဆုံး(၉)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ အက်စ်ပန်ညိုအသင်းအတွက် ဒီလိုပွဲမျိုးမှာ နိုင်ပွဲပြန်ရှာရမှာပါ။ အက်စ်ပန်ညိုကို ရွေးချင်ပါတယ်။















