စပါးအသင်းကို တန်းမဆင်းရစေလိုဘူးလို့ အာဆင်နယ်ဂန္ထဝင် အီယန်ရိုက် ပြောကြား

စပါးအသင်းကို တန်းမဆင်းရစေလိုဘူးလို့ အာဆင်နယ်ဂန္ထဝင် အီယန်ရိုက် ပြောကြား
Photo: X
Photo: X
Published 6 March 2026

အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ အီယန်ရိုက်က စပါးအသင်းကို တန်းမဆင်းရစေလိုဘူးလို့ ပြောကြားခဲ့ပါတယ်။

စပါးအသင်းဟာ လက်ရှိအချိန်မှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်(၁၆)နေရာရောက်ရှိနေပြီး အဆင့်(၁၇)နေရာက နော်တင်ဟမ်ဖောရက်စ်၊ အဆင့်(၁၈)နေရာက ဝက်စ်ဟမ်းတို့နဲ့ (၁)မှတ်သာ ကွာဟနေပါတယ်။

ဒါကြောင့် လက်ကျန်(၉)ပွဲမှာ အမှားမခံတဲ့အခြေအနေဖြစ်နေပြီး တန်းဆင်းအန္တရာယ်က ပိုမိုမြင့်တက်လာတာကြောင့် အီယန်ရိုက်က အခုလိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

အီယန်ရိုက်က ခါးသီးတဲ့မြို့ခံပြိုင်ဘက်အသင်းဖြစ်ပေမဲ့ စပါးအသင်းကို မိမိအနေနဲ့ ဘယ်တုန်းကမှ မမုန်းခဲ့ဖူးတာကြောင့် တန်းဆင်းစေလိုခြင်းမရှိဘူးလို့ ပြောကြားခဲ့တာပါ။

''လူတွေက ဒီရာသီမှာ တော့တင်ဟမ်အသင်း ကျဆင်းနေပြီး တန်းဆင်းရနိုင်ခြေရှိတဲ့အကြောင်း ပြောနေကြပါတယ်။ ကျွန်တော်ကတော့ တော့တင်ဟမ်အသင်း တန်းဆင်းရတာကို မမြင်ချင်ပါဘူး။ ကျွန်တော်က တော့တင်ဟမ်အသင်းကို ဘယ်တုန်းကမှ မမုန်းပါဘူး။ ငယ်ငယ်တုန်းက အမြဲတမ်း ဂလင်းဟော်ဒယ်ဖြစ်ခဲ့ပြီး ဂလင်းဟော်ဒယ်ကို အခုထိ ချစ်နေတုန်းပါပဲ'' လို့ အီယန်ရိုက်က ပြောကြားခဲ့ပါတယ်။

Most Read

Most Recent