မန်ယူအသင်းဟာ အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းရားကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖွယ်ရှိကြောင်း သိရပါတယ်။
အသက်(၃၂)နှစ်ရှိပြီဖြစ်တဲ့ မက်ဂွိုင်းရားဟာ ၂၀၁၉ နွေရာသီမှာ လက်စတာကနေ မန်ယူအသင်းကို ပေါင်သန်း(၈၀)နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိစာချုပ်က လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာပါ။
မန်ယူအသင်းက လွန်ခဲ့တဲ့တစ်နှစ်တုန်းက မက်ဂွိုင်းရားကို အသင်းသစ်ရှာဖွေဖို့ ညွှန်ကြားခဲ့ပြီး သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ သက်တမ်းတိုးဖို့ စဉ်းစားနေပြီဖြစ်ကြောင်း သိရပါတယ်။
မက်ဂွိုင်းရားက အမှားအယွင်းများမှုကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ အခုနောက်ပိုင်းမှာတော့ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြန်လည်ပြသနိုင်ခဲ့ပါတယ်။
ဒါကြောင့် လက်ရှိနည်းပြ ကာရစ်ကလည်း မက်ဂွိုင်းရားဟာ အသင်းအတွက် အရေးပါတဲ့ကစားသမားဖြစ်ကြောင်းနဲ့ မက်ဂွိုင်းရားဆီက ကောင်းမွန်တဲ့အရာတွေကို ထပ်ပြီးရရှိဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းက မက်ဂွိုင်းရားကို တစ်နှစ် သက်တမ်းတိုးဖွယ်ရှိကြောင်း သိရပါတယ်။















