ကက်စီမီရိုနေရာ တိုနာလီနဲ့ အစားထိုးဖို့ မန်ယူအသင်း ပစ်မှတ်ထားနေကြောင်း သတင်းထွက်

ကက်စီမီရိုနေရာ တိုနာလီနဲ့ အစားထိုးဖို့ မန်ယူအသင်း ပစ်မှတ်ထားနေကြောင်း သတင်းထွက်
Photo: X
Photo: X
Published 9 February 2026

မန်ယူအသင်းဟာ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဘရာဇီးလ်ကွင်းလယ်ကစားသမား ကက်စီမီရိုရဲ့နေရာမှာ နယူးကာဆယ်အသင်းက အီတလီကွင်းလယ်ကစားသမား တိုနာလီကို ခေါ်ယူအစားထိုးဖို့ ပစ်မှတ်ထားနေကြောင်း သတင်းထွက်လာပါတယ်။

တိုနာလီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်း ခေါ်ယူဖို့ စီစဉ်ခဲ့ကြောင်းလည်း သတင်းထွက်ခဲ့ဖူးပြီး သူ့ရဲ့ အေးဂျင့်က ရာသီကုန်ချိန်မှာ အနာဂတ်အတွက် ဆုံးဖြတ်သွားမယ်လို့ ပြောကြားထားပါတယ်။

တိုနာလီက ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရတဲ့  အသင်းမှာပဲ ကစားလိုတာကြောင့် နယူးကာဆယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရရင် လမ်းခွဲဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၂၅)အပြီးမှာ နယူးကာဆယ်အသင်းက အဆင့်(၁၂)နေရာ ရောက်ရှိနေပြီး အဆင့်(၄)နေရာက မန်ယူအသင်းနဲ့ (၁၁)မှတ်ကွာဟနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အလားအလာနည်းပါးနေပါတယ်။

နယူးကာဆယ်အသင်းက တိုနာလီကို ရောင်းထုတ်ရမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)ဝန်းကျင်ရရှိဖို့ လိုလားနေကြောင်း သိရပါတယ်။

နယူးကာဆယ်အသင်းဟာ တိုနာလီ(၂၅ နှစ်)ကို ၂၀၂၃ နွေရာသီမှာ အေစီမီလန်အသင်းကနေ ယူရိုသန်း(၇၀)ဝန်းကျင်နဲ့ ခေါ်ယူထားတာဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၂၉ ခုနှစ်အထိဖြစ်တဲ့အပြင် တစ်နှစ်သက်တမ်းထပ်တိုးနိုင်တဲ့ သဘောတူညီမှုလည်း ပါဝင်ကြောင်း သိရပါတယ်။

Most Read

Most Recent