ဘာစီလိုနာအသင်းရဲ့ ဆယ်ကျော်သက်တိုက်စစ်ကစားသမား ယမားလ်ဟာ ဥရောပထိပ်သီးလိဂ်(၅)ခုမှာ အသက်(၁၉)နှစ်မပြည့်ခင် ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
ယမားလ်ဟာ လာမယ့် ဇူလိုင်လမှာမှ အသက်(၁၉)နှစ်ပြည့်မှာဖြစ်ပြီး လက်ရှိအချိန်မှာ သူ့ရဲ့ လာလီဂါသွင်းဂိုးက (၂၄)ဂိုးရှိသွားပါပြီ။
ဒါကြောင့် မိုနာကိုနဲ့ PSG အသင်းတွေမှာ ကစားစဉ် (၁၉)နှစ်မပြည့်ခင် လိဂ်ဂိုး (၂၃)ဂိုးသွင်းယူခဲ့တဲ့ ဘာပေကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။
ယမားလ်ဟာ အခုတစ်ပတ် မာယော့ကာကို (၃-၀)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် လာလီဂါသွင်းဂိုး (၂၄)ဂိုး ရှိသွားခဲ့တာဖြစ်ပြီး သူ့အသက် (၁၉)နှစ်မပြည့်ခင် လာလီဂါပြိုင်ပွဲက နောက်ထပ်(၁၅)ပွဲ ယှဉ်ပြိုင်ရဦးမှာဖြစ်တာကြောင့် သွင်းဂိုးမှတ်တမ်းက မြင့်တက်လာဦးမှာဖြစ်ပါတယ်။
ယမားလ်က လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ(၅)ပွဲဆက်တိုက် ဂိုးသွင်းယူထားပြီး သူ့ရဲ့ ဘာစီလိုနာကစားသမားဘဝ ပြိုင်ပွဲစုံသွင်းဂိုးအရေအတွက်က ဂိုး(၄၀)ရှိနေပြီဖြစ်ကြောင်းလည်း သိရပါတယ်။
ဒါကြောင့် ဘာစီလိုနာအသင်းရဲ့သမိုင်းမှာ အသက်အငယ်ဆုံးနဲ့ ဂိုး(၄၀)ပြည့်သွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။















